အောက်တိုဘာ၂၇ရက်နေ့မနေ့ကမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)တွင်နိုင်ငံတော်ဒုသမ္မတ(၁)နှှင့်မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ(၁၁)ကြိမ်မြောက်ပုံမှန်တွေ့ဆုံးဆွေးနွေးပွဲပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဆိုပါတွေ့ဆုံဆွေးနွေးပွဲမှာ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိလိုင်စင်မဲ့မော်တော်ယာဉ်တွေကိုဖမ်းဆီးဖော်ထုတ်သွားရန်ပြင်ဆင်ဆောင်ရွှက်နေကြောင်းကိုရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းနံပါတ်အတုတပ်ဆင်၍မောင်းနှင်နေတဲ့လိုင်စင်မဲ့တရားမဝင်မော်တော်ယာဉ်များကိုမီးပွိုင့်စနစ်များဖြင့်ပြင်ဆင်ပြီးဖော်ထုတ်ဖမ်းဆီးဖို့လုပ်နေပါပြီးလို့ပြောပါတယ်။ယခုပြင်ဆင်နေတဲ့မီးပွိုင့်တွေဟာလိုင်စင်နံပါတ်တူမော်တော်ယာဉ်၂စီးရှိနေတယ်ဆိုရင်ချက်ချင်းဖော်ထုတ်ပေးသွားမှာပါလို့သိရပါတယ်။ က.ည.န မှာမှတ်တမ်းတင်ထားတဲ့အချက်လက်ဖိုင်တွေကိုထည့်ထားမှာဖြစ်ပြီး မီးပွိုင့်ကိုဖြတ်သွားတဲ့ကားဟာ မှတ်တမ်းတင်ထားတုန်းကယာဉ်နံပါတ်နဲ့အမျိုးအစားဟာစလွန်းကားဖြစ်ပြီးယခုမောင်းနှင်သွားတဲ့နံပါတ်တူယာဉ်ဟာဗန်ကားဖြစ်နေတယ်ဆိုရင်ချက်ချင်းဖော်ပြသွားမှာဖြစ်တယ်လို့ပြောပါတယ်။နောက်ပိုင်းမှာလဲဆက်လက်ပြီး ရန်ကုန်မြို့အတွင်းမောင်းနှင်နေတဲ့တရားမဝင်လိုင်စင်မဲ့ကားတွေကိုထိထိရောက်ရောက်ဖမ်းဆီးသွားမှာပါလို့ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကခုလိုပဲပြောပြသွားပါတယ်။

သတင်းအရင်းအမြစ် - နေဦးလွင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။