တရုတ်နဲ့ပွဲအတွက်ဆင်ခြေမလိုတဲ့မြန်မာ


မြန်မာအသင်းအနေနဲ့ကမ္ဘောဒီးယားကိုရှုံးနိမ့်ခဲ့တာ

တော်တော်နစ်နာတယ်လို့ပြောလို့ရပါတယ်။

ကမ္ဘောဒီးယားကိုသာနိုင်ခဲ့ရင်ဒီနေ့နေ့လည်သုံးနာရီတရုတ်နဲ့

ပွဲမှာကိုယ်ကအသာစီးနဲ့ကစားလို့ရပါတယ်။ဒါပေမယ့်

အကြောင်းအမျိုးမျိုးကြောင့်ရှံုးနိမ့်ခဲ့ရတဲ့အခါမှာတော့

ခြေစစ်ပွဲအောင်ဖို့အတွက်တရုတ်ကိုအနိမ့်ဆုံးနှစ်ဂိုးပြတ်

သွင်းနိုင်မှသာခြေစစ်ပွဲအောင်ဖို့မျှော်လင့်နိုင်မှာပါ။



ခြေစစ်ပွဲအောင်ဖို့အတွက်တရုတ်ကိုအနိုင်ကစားဖို့ကလွဲ

ပြီးအခြားမရှိပါဘူး။အင်အားကြီးအသင်းဖြစ်လို့ရှုံးရတာဆိုသောဆင်ခြေများကို

လည်းမကြားလိုပါ။တကယ်တမ်းတရုတ်ခြေစွမ်းကိုသုံးသပ်

ကြည့်ရလျှင်အကောင်းကြီးမဟုတ်။မြန်မာအသင်းအာရုံစူး

စိုက်မှုကောင်းကောင်း၊သက်လုံကောင်းကောင်း၊တစ်ကိုယ်ကောင်းမဆန်ကြပဲကစားကြလျှင်မနိုင်စရာမရှိပါ။


တရုတ်အသင်းကလူကောင်ထွားပြီးအမြင့်ဘောကစား

သောကြောင့်အရပ်အမောင်းအနည်းငယ်နိမ့်သော

မြန်မာဂိုးသမားသတိထားဖို့တော့လိုပါမည်။ပြီးခဲ့သော

ပွဲကလိုတည်ကန်ဘောတွေကနေဂိုးမပေးရအောင်လည်း

သေချာပြင်ဆင်ထားသင့်ပါတယ်၊နှစ်ပွဲဆက်ဂိုးပေါက်

ပြောက်နေသောဝင်းနိုင်ထွန်းနဲ့ပြည့်စံနိုင်တို့လည်း

ဒီပွဲမှာဂိုးအောက်ပြန်ရှာတွေ့ဖို့လိုပါတယ်။မြန်မာယူ

-19အနေနဲ့ဒီကနေ့့ပွဲဟာDo or Dieပါ။

နိုင်လည်းနိုင်မည်ဟုယုံကြည်မိပါတယ်။

Source-MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။