Make Up မထက်တစ်ယောက်ကတော့ BKK Silk & Lace ဆိုင်ဖွင့်ပွဲမှာ ရိုးရှင်းတဲ့ ချိတ်ဝမ်း ဆက်လေးနဲ့ တက်ရောက်ခဲ့ပါတယ်။ ခွဲစိတ်ပြုပြင်မှုလုပ်ပြီးတဲ့နောက်ပိုင်းမှာ သူမဟာအရင် ကထက် ပိုပြီး ဆွဲဆောင်မှုရှိလာတာကိုလည်းတွေ့ရပါတယ်။ သူမကဒီနေ့မှာပဲ ဖုန်းလေး တစ်လုံ းလက်ဆောင်ရ ခဲ့တာဖြစ်ပြီး သူမရဲ့ပျော်ရွှင်မှုကိုလဲ ပရိတ်သတ်တွေဆီ ဝေမျှခဲ့ပါ သေးတယ်။

မထက်ဟာဆိုရင် သူမကိုယ်သူမလည်းလှအောင်နေသည့်အပြင် တစ်ပါးသူတွေကိုလဲ သူမရဲ့ Make Up အစွမ်းနဲ့ ရှိရင်းစွဲထက် ပိုမိုလှပအောင်ပြုပြင်ပေးတဲ့ အလှဖန်တီးရှင်တစ် ယောက် ဖြစ်ပါတယ်။ ဒီနေ့အတွက် သူမရဲ့ပွဲတက်ဖက်ရှင်လေးကတစ်မျိုးအမြင် ဆန်းပြီးလှပ လွန်းနေပါတယ်။ သူမနဲ့အတူ အနုပညာရှင်များဖြစ်ကြတဲ့ ခိုင်သင်းကြည်၊ စိုးပြည့်သဇင်နဲ့ ခင် လေးနွယ်တို့ကပါ တက်ရောက်ခဲ့တာ ကိုလဲတွေ့ရပါတယ်။

ခရမ်းရောင် ချိတ်လုံချည်လေးကို ရိုးရိုးရှင်းရှင်းလေးချုပ်ဝတ်ထားပြီး ကျက်သရေရှိရှိနဲ့ လှပနေတာပဲဖြစ်ပါတယ်။ သူမရဲ့လှပကျော့ရှင်းတဲ့ ခန္တာကိုယ်ပေါ်မှာ ခရမ်းရောင်ချိတ် ဝတ်စုံလေးက ဘယ်လိုကျော့ကျော့ရှင်းရှင်းနေရာယူနေလဲဆိုတာကို ပရိတ်သတ်ကြီးအ တွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။