ပရိသတ်တွေရဲ့အချစ်တွေတစ်စထက်တစ်စပိုမိုရရှှိလာတဲ့ Beauty Bloggerနေခြည်ဦးပဲဖြစ်ပါတယ်။အောက်တို

ဘာ၂၈ရက်ဒီနေ့မှာတော့နေခြည်ဦးဟာမန္တလေးကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။Xaiomi Myanmarရဲ့ခြေလှမ်း

သစ်ဖြစ်တဲ့မန္တလေးဆိုင်သစ်ဖွင့်ပွဲလေးကိုတက်ရောက်လာတာဖြစ်တယ်လို့သိရပါတယ်။လိမ္မော်ရောင်ကတ္တီပါအကျီ ၤလေးကိုဝတ်ဆင်ထားပြီးလိမ္မော်အလှနတ်သမီးလေးတစ်ပါးသဖွယ်အရမ်းကိုလှပလို့နေပါတယ်။

မြန်မာနိုင်ငံရဲ့လူကြိုက်အများဆုံး Mobile Phone Brandတစ်မျိုးဖြစ်တဲ့ Mi Myanmar ရဲ့ချစ်ပရိသတ်Mi Fanတွေနဲ့တွေ့ဆုံခဲ့တာဖြစ်ပြီးပျော်စရာအစီအစဉ်တွေအများကြီးနဲ့ဆိုင်ဖွင့်ပွဲလေးကိုအောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်လို့သိရပါတယ်။BeautyBloggerနေခြည်ဦးဟာမန္တလေးမြို့ကပရိသတ်တွေနဲ့တွေစုံရတဲ့အတွက်အရမ်းပျော်ရွှင်ဝမ်းမြောက်ရပါတယ်လို့ဆိုပါတယ်။MiMyanmarလဲဒီထက်မကအောင်မြင်ပါစေဆိုပြီးဆုမွန်ကောင်းတောင်းပေးထားပါတယ်။ 

လက်ရှိမှာတော့BeautyBloggerနေခြည်ဦးဟာအနုပညာလုပ်ငန်းလေးတွေလဲလုပ်ကိုင်လျက်ရှိတယ်လို့သိရပါတယ်။ပရိသတ်တွေချစ်ခင်အားပေးလာမှုနဲ့အတူ Music MTVလေးတွေကြော်ငြာလေးတွေရိုက်ကူးလာတာဖြစ်ပြီးနောက်ထပ်လဲအနုပညာလုပ်ငန်းတွေဆက်လက်လုပ်ကိုင်သွားဖို့ရှိတယ်လို့ိသိရပါတယ်။လာမယ့်နိုဝင်ဘာ၃ရက်နေ့မှာလဲနေခြည်ကိုချစ်တဲ့ချစ်ပရိသတ်တွေနဲ့ Fan Meetingလေးပြုလုပ်သွားမယ်လို့လဲသိရပါတယ်။ချီချီရဲ့ဒီနေ့Miမန္တလေးဆိုင်သစ်ဖွင့်ပွဲမှချစ်စရာပုံရိပ်လေးတွေကိုလဲပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - နေခြည်ဦး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။