မော်ဒယ်သရုပ်ဆောင် မေမြင့်မိုရ်ကတော့ အ ပြုံးချိုချိုလေးတွေနဲ့ ပရိတ်သတ်ကို ဖမ်းစားထား နိုင် တဲ့ Celebrity တစ်ယောက်ဖြစ်ပါတယ်။ MRTV 4 ကထုတ်လွှင့်တဲ့ ဇာတ်ကားတွေမှာ သူမအနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိတ်သတ်တွေ အားပေးမှု အခိုင်အမာရရှိခဲ့တာပဲ ဖြစ် ပါတယ်။ နောက်ပိုင်းမှာ ဇာတ်ကားတွေမှာလဲ အများအပြားသရုပ်ဆောင်ထားတာကိုလဲ တွေ့ရပါတယ်။

မန္တလေးမှာပြုလုပ်ခဲ့တဲ့ Fashion Show ပွဲဖြစ်တဲ့ “ Burmese မဟေသီ ” Fashion ပွဲမှာ သူမက Show လျှောက်ပေးခဲ့တာပဲဖြစ်ပါတယ်။ ပန်းခရမ်းရောင်မြန်မာဝတ်စုံလေးနဲ့ အညို ရောင် အနောက်တိုင်းဝတ်စုံလေးဝတ်ပြီး လှလှပပလေး စင်မြင့်ထက်မှာ လျှောက်လှမ်း နေတဲ့ ပုံရိပ်လေးတွေက ကြွေချင်စရာပါပဲ ပရိတ်သတ်ကြီးရေ။

ပရိတ်သတ်ကြီးအတွက်လဲ မေမြင့်မိုရ်ရဲ့အလှအပတွေကို ဝေမျှပေးချင်ပါတယ်။ ရှုစားပြီး အားပေးကြပါဦးနော်။ စင်မြင့်ထက်မှာ ဘယ်လိုတွေနန်းဆန်ဆန် လျှောက်လှမ်းသွားတယ် ဆိုတာကို ဓာတ်ပုံလေးတွေနဲ့တကွ ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။