ယနေ့ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူအသင်း ဟာ စပါးအသင်းကို တစ်ဂိုး ဂိုးမရှိရလဒ်နဲ့ အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။ယခုနိုင်ပွဲကြောင့် မန်ယူအသင်းဟာ ရမှတ် ၂၃ မှတ်ရရှိခဲ့ကာ အဆင့် ၃ နေရာက စပါးကို ၃ မှတ်ဖြတ်ထားနိုင်ခဲ့ပြီး အဆင့် ၂ နေရာမှာ ရှိနေခဲ့တာလည်းဖြစ်ပါတယ်။အဆင့် ၁ နေရာက မန်စီးတီးအသင်းကိုလည်း ဆက်လက်ဖိအားပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

မန်ယူအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ လူကာကူ၊ ရက်စ်ဖို့ ၊ အမ်ခီတာယန်၊ မာတစ်၊ ဟာရဲရား ၊ အက်ရှလေယန်း၊ ဗလင်စီယာ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။စပါးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဆွန်ယောင်မင်း၊ အလီ၊ အဲရစ်ဆင်၊ ဘန်ဒေးဗစ်၊ ဆစ်ဆိုခို၊ ဟယ်ရီဝင့်ခ်၊ အော်ရီယာ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။မန်ယူအသင်းဟာ လူစားဝင်ကစားသမား မာရှယ်ရဲ့ ဂိုးနဲ့ အဆင့် ၁ နေရာက မန်စီးတီးအသင်းကို ဆက်လက်ဖိအားပေးသွားဖို့ အနေအထားတစ်ရပ်ကို ပိုင်ဆိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

ပထမပိုင်းမှာ နှစ်သင်းလုံးဟာ ခြေရည်တူကစားခဲ့တာကြောင့် ဂိုးမရှိသရေရလဒ်နဲ့ ပြီးဆုံးခဲ့တာလည်းဖြစ်ပါတယ်။စပါးအသင်းဟာ လူစားလဲမှုအနေနဲ့ ဆွန်ယောင်မင်း နေရာမှာ လော်ရန်တေး၊ ဆစ်ဆိုခိုနေရာမှာ ဒမ်ဘီလီကို ထည့်သွင်းကစားခဲ့တာလည်းဖြစ်ပါတယ်။မန်ယူအသင်းကလည်း လူစားလဲမှုအနေနဲ့ အမ်ခီတာယန် နေရာမှာ လင်ဂတ်၊ ရက်ဖို့စ် နေရာမှာ မာရှယ် ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။မန်ယူအသင်းလူစားလဲမှုမှန်ကန်ခဲ့တာဖြစ်ပြီး မာရှယ်က လူစားဝင်ပြီး ၁၀ မိနစ်အကြာမှာ မန်ယူအသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။