ဒီညကတော့ ပျော်စရာ ကောင်းခဲ့တဲ့ ညလေး တစ်ည ဖြစ်ခဲ့ပါတယ်။ ပြိုင်ပွဲဝင်တွေသာမက ဒိုင်တွေလည်းပဲ အပြင်အဆင် ဒီဇို်င်းတွေရော အရမ်းကို အ့ံသြစရာ ကောင်းခဲ့ရပါတယ်။ voting line များ ဖွင့်ပြီးနောက် ပထမဦးဆုံးအနေနဲ့ Boys Category က ကျော်ဇင်သန့် (Voting Number – X12) က “Vampire” သီချင်းကို တင်ဆက်နေတဲ့ ပုံစံမျိုးနဲ့ ဖျော်ဖြေသွားခဲ့ပါတယ်။

ပရိတ်သတ်တွေ အခိုင်အမာ အားပေးမှုကို ရရှိထားတဲ့ မယ်လိုဒီခေါင် (Voting Number – X08) ကတော့ “သူစိမ်း” ဆိုတဲ့ သီချင်းကို ခံစားချက် အပြည့်နဲ့ သီဆိုသွားနိုင်ခဲ့ပါတယ်။

Oxygen (Voting Number – X06) အဖွဲ့က “စိတ်ကူးသက်သက်များ” သီချင်းကို အနီရောင်ဒီဇို်င်းများဖြင့် ဖျော်ဖြေတင်ဆက်သွားခဲ့ပါတယ်။ Oxygen ကို အားပေးတဲ့ ပရိတ်သတ်များအနေနဲ့လည်း bottom မှာ မထိုင်ရဘဲ လွတ်လွတ်ကျွတ်ကျွတ် နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့အတွက် မဲပေးရင်း အားပေးကြပါဦး။  

G Mine Nar (Voting Number – X10) က “သီချင်းချစ်သူ” သီချင်းကို Performance အပြည့်နှင့် အားရပါးရ သီဆိုဖျော်ဖြေခဲ့ပါတယ်။ ပုံမှန်ဆိုနေကြပုံစံမျိုးနဲ့ တင်ဆက်မှုပုံစံ မတူတဲ့ သီချင်းကိုလည်း ရွေးချယ်သီဆိုသွားတာမို့ အားပေးကြပါဦးနော်။

Purity (Voting Number – X09) က ဖြူဖြူကျော်သိန်းရဲ့ နာမည်ကြီး သီချင်းတစ်ပုဒ်ဖြစ်တဲ့ “မသေနိုင်သော” သီချင်းကို ခံစားချက်အပြည့် သီဆိုသွားခဲ့ပါတယ်။ သူမရဲ့ ကြိုးစားမှုကို အသိအမှတ် ပြုတဲ့အနေနဲ့ bottom မထိရလေအောင် မဲပေးရင်း အားပေးကြပါဦး။

David Derrick (Voting Number – X11) ကတော့ “တစေ ္ဆ” သီချင်းကို ပရိတ်သတ် အားပေးမှုများနှင့်အတူ သီဆိုတင်ဆက်သွားခဲ့ပါတယ်။ Halloween Theme ရဲ့ ပြိုင်ပွဲဝင်တွေ အားလုံးမှာ ကြောက်စရာအကောင်းဆုံး ဖြစ်နေတဲ့ ပြင်ဆင်ခြယ်သမှုများကိုလည်း ပရိသတ်တွေ သဘောကျ နှစ်သက်ခဲ့ကြပါတယ်။  

ယမုံ (Voting number – X03) က “ခေါ်သံ” သီချင်းကို သီဆိုသွားခဲ့ပါတယ်။ သူမရဲ့ ကြိုးစားအားထုတ်မှုကလည်း တကယ့်ကို အံ့မခန်းပါပဲ။ မိန်းကလေးတစ်ယောက်ဖြစ်ပေမဲ့ အားကောင်းလွန်းတဲ့ အသံပိုင်ရှင် တစ်ဦးလည်း ဖြစ်ပါတယ်။

သဲထူး (Voting Number – X02) က “ဂမီ ္ဘရဝိဉာဉ်” သီချင်းကို Performance ကောင်းကောင်းနဲ့ သီဆိုသွားနိုင်ခဲ့ပါတယ်။ တကယ့်ကို မမျှော်လင့်ထားတဲ့ တင်ဆက်မှုမျိုးနဲ့ တင်ဆက်ပြသခဲ့တာကြောင့် ပရိတ်သတ်များကလည်း အားပေးကြပါဦး။

ကိုယ်ချစ်ခင် အားပေးရတဲ့ ပြိုင်ပွဲဝင်ကို နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့အတွက် ပရိတ်သတ်ကြီးက အားပေးကြပါဦးနော် ။

ပရိတ်သတ်များအနေနဲ့ မဲပေးတဲ့အခါ MPT – 8606, Telenor – 6666, Ooredoo – 6002 နံပါတ်များကို ပြိုင်ပွဲဝင်များရဲ့ ကုဒ်နံပါတ်တစ်ခုတည်းကိုသာ ရိုက်နှိပ်ပြီး SMS ပေးပို့ပေးရမှာပဲ ဖြစ်ပါတယ်။ online ကနေ မဲပေးချင်တယ်ဆိုရင်တော့ https://apps.facebook.com/forevergroup/the-x-factor-myanmar-2017-voting မှာ မဲပေးနိုင်ပါတယ်။ facebook online account (one account >>> one vote) နှင့် SIM card တစ်ကဒ်ဆို (ဖုန်းနံပါတ် တစ်ခု) ဆိုလျှင် မဲတစ်စောင်သာ ပေးခွင့်ရှိတယ်ဆိုတာကိုလည်း မမေ့ပါနဲ့နော် ….

သာယာပျော်ရွှင်သော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင် … <3 <3 <3  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။