၆၉နှစ်အတွင်း အကြီးဆုံးဖြစ်မယ့် ဒီလာမယ့်တန်ဆောင်မုန်းလပြည့်နေမှာ သာမယ့်လမင်းကြီး

တနလာင်္နေ့ တန်ဆောင်မုန်းလပြည့်နေ့မှာ သာမယ့်လမင်းက ကမ္ဘာကြီးနဲ့ အနီးဆုံးဖြစ်လို့

၆၉ နှစ်အတွင်း အကြီးဆုံးဖြစ်မှာမို့ တစ်သက်မှာ တစ်ခါဘဲ မြင်ရမယ့်အတွက် စောင့်ကြည့်ကြပါဦး။

Super-moon မဟာသော်တာလမင်း

လာမယ့် တန်ဆောင်မုန်းလပြည့်နေ့မှာသာမယ့် လမင်းကြီးဟာ နှစ်ပေါင်း (၆၉) နှစ်အတွင်းမှာ အကြီးဆုံးဖြစ်ပါမယ်။ ကျွန်တော့်တသက်မှာ သည်တခါသာ။

လရောက်လာမှာက ကမ္ဘာကြီးနဲ့ အနီးဆုံးဖြစ်လို့ပါ။ အမေရိကန်အရှေ့ပိုင်းစံတော်ချိန် ၁၄-၁၁-၂ဝ၁၆ ရက်နေ့ မနက် ၆ နာရီ ၁၅ မိနစ်မှာ ဖြစ်ပါတယ်။ မနက် ၈ နာရီ ၅၂ မိနစ်မှာ အထွတ်အထိပ်ရောက်ပါမယ်။ အဲဒီအချိန်မှာ လဟာကမ္ဘာကြီးနဲ့ ၂၂၁,၅၂၄ မိုင် (၃၅၆,၅ဝ၈ ကီလိုမီတာ) အကွာမှာရောက်နေပါမယ်။ နောက်တကြိမ် ၂ဝ၃၄ ခုနှစ် နိုဝင်္ဘာလရောက်မှသာ အဲလို နီးနီးကပ်ကပ်ပြန်ရောက်နိုင်ပါတယ်။

၁၄-၁၁-၂ဝ၁၆ နေ့မှာမြင်ရမယ့်လကို Super-moon ဆူပါမွန်း ခေါ်တယ်။ Super-duper-moon လို့လည်း ခေါ်ကြပါတယ်။ Beaver Moon လို့လည်း ခေါ်တယ်။

လဟာ ကမ္ဘာကြီးကို ၁ရ့၃ ရက်မှာ တပတ်ပတ်နေပါတယ်။ သူ့ဝန်ရိုးပေါ်မှာ ၂၇ ရက်တခါလည်နေလို့ ကမ္ဘာပေါ်ကနေ လမျက်နှာစာတခုတည်းကိုသာ မြင်ကြရတယ်။ လကိုမြင်နိုင်တာ တရက်ထက်တရက် မိနစ် ၅ဝ ဝန်းကျင်နောက်ကျတယ်။

တန်ဆောင်မုန်းလပြည့်ညမှာ သာမယ့်လမင်းကြီးဟာ ၃ဝ% ပိုပြီး အလင်းရောင်တောက်ပနေပါမယ်။ အရွယ်အစား ၁၄% ပိုကြီးပါမယ်။

Credit - ဒေါက်တာတင့်ဆွေ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။