မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီယားလိဂ်ပွဲစဉ်မှာ အိမ်ရှင် လီဗာပူလ်းအသင်းဟာ ဟက်ဒါဖီးအသင်းကို ၃ ဂိုး ဂိုးမရှိရလဒ်နဲ့ ဂိုးပြတ် အနိုင်ယူခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်းမှာ ဆာလက် ပယ်နယ်တီးမဝင်ခဲ့တာကြောင့် ဂိုးရဖို့ရုန်းကန်ခဲ့ရပြီး ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ အနိုင်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။လီဗာပူလ်အသင်းဟာ ပွဲစဉ် ၁၀ ပွဲကစားထားပြီးချိန်မှာ ရမှတ် ၁၆ မှတ်နဲ့ အဆင့် ၆ နေရာမှာ ရှိနေတာလည်းဖြစ်ပါတယ်။ 

လီဗာပူလ်းအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ စတားရစ်၊ ဆာလက်၊ ဖာမီနို၊ ဂျိန်းမီနာ၊ ဟန်ဒါဆန်၊ ဝစ်ဂျနယ်ဒယ် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဟက်ဒါဖီးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဒီပွိုင်ထရီ၊ သောမက်အင့်စ်၊ အာရွန်မောရ် ၊ ပါရာ၊ ဟော့ဂျ် ၊ ဝီလီယံ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။လီဗာပူလ်အသင်းဟာ တိုက်လျှောက်တိုက်စစ်ဆင်ကစားခဲ့တဲ့ အတွက် ဟက်ဒါဖီးအသင်း ခံစစ်မှာပဲ အချိန်ကုန်ခဲ့ရတာလည်းဖြစ်ပါတယ်။ပွဲချိန်ပြည့် လီဗာပူလ်းအသင်းရဲ့ တိုက်စစ်ကို မထိန်းနိုင်ခဲ့တဲ့အတွက် ဟက်ဒါဖီးအသင်း အရှုံးပေးလိုက်ရတာပဲဖြစ်ပါတယ်။

၄၂ မိနစ်မှာရရှိလာတဲ့ ပယ်နယ်တီကို ဆာလက် ဝင်အောင်ကန်သွင်းနိုင်ခဲ့ခြင်းမရှိတာကြောင့် ပထမပိုင်းမှာ ဂိုးမရှိသရေရလဒ်နဲ့ ပြီးဆုံးခဲ့တာလည်းဖြစ်ပါတယ်။မိနစ် ၅၀ မှာတော့ လီဗာပူလ်းအသင်း အဖွင့်ဂိုး စတင်ရရှိခဲ့ပြီး ဒီဂိုးကိုတော့ စတားရစ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။နောက် ၈ မိနစ်အကြာမှာပဲ ဖာမီနို က ဒုတိယဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။လီဗာပူလ်းအသင်းအတွက် ပွဲသိမ်းဂိုးကိုတော့ ၇၅ မိနစ်မှာ ဝစ်ဂျနယ်ဒယ် ကသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။