မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အိမ်ရှင် ဘုန်းမောက်အသင်းကို ချဲလ်ဆီးအသင်းက တစ်ဂိုး ဂိုးမရှိရလဒ်နဲ့ အနိုင်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဘုန်းမောက် နဲ့ ချဲလ်ဆီးအသင်းဟာ EFL Cup ကွာတားဖိုင်နယ် မှာ ပြန်လည်ဆုံတွေ့နေသေးတာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ ပွဲကစားထားပြီးချိန်မှာ ရမှတ် ၁၉ မှတ်ရရှိထားပြီး အဆင့် ၄ နေရာမှာရှိနေတာလည်းဖြစ်ပါတယ်။ 

ဘုန်းမောက်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ အဖိုဘီ၊ ဒီဖိုး၊ စတာနီစလပ် ၊ စမစ်၊ ကွတ်၊ ဆာမန်း၊ ဒန်နီရယ် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ မိုရာတာ၊ ဟာဇတ်၊ ပတ်ဒရို၊ အလွန်ဆို၊ ဘာကာယိုကို၊ ဖာဘရီဂတ်၊ ဇာပါကော်စတာ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဘုန်းမောက် အသင်းရဲ့ ခံစစ် ကျစ်လစ်မှုကြောင့် ချဲလ်ဆီးအသင်း ဂိုးကန်သွင်းချက်များစွာရရှိခဲ့ပေမဲ့ တစ်ဂိုးနဲ့ သာ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ 

ပထမပိုင်းပြီးဆုံးချိန်အထိ နှစ်သင်းစလုံးဟာ ဂိုးမရှိသရေ ရလဒ် နဲ့ သာ ပြီးဆုံးခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကိုတော့ ဒုတိယပိုင်း ၅၁ မိနစ်မှာ ဟာဇတ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ယခုပွဲရဲ့ အကောင်းဆုံးကစားသမားဆု Man Of The Match ကိုတော့ အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ ဟာဇတ် က ရရှိခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။