အဆိုတော်နိုင်းဝမ်ဟာ သူ့ရဲ့ ပိုက်ဆံအိတ်ပျောက်သွားပြီး ကောက်ရထားတဲ့ လူရှိရင် ကျေးဇူးပြုပြီးတော့ ဆက်သွယ်ပေးဖို့ ပြောထားတာတွေ့ရပါတယ်..။ ပုဇွန်တောင်ပန်းခြံအနီးနားမှာ ကျပျောက်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်..။ ပိုက်ဆံအိတ်ထဲမှာတော့ ယာဉ်မောင်လိုင်စင်၊ ကင်မရာတစ်လုံး၊ သီချင်းသုံးပုဒ်ပါ မမ်မိုရီစတစ်အဖြူတစ်ခု၊ ထီလက်မှတ်(၂)တွဲ၊ ဘဏ်ကဒ်အချို့နဲ့ ငွေသားအချို့ ပါဝင်ပြီး အခြား ပစ္စည်းတွေလည်း ပါတယ်လို့ သိရပြီး ကောက်ရခဲ့ရှိခဲ့ရင်လည်း ယာဉ်မောင်းလိုင်စင်ရယ် ကင်မရာနှင့် ထီလက်မှတ် တို့ကိုပဲ ပြန်ပို့ပေးစေချင်ပါတယ်လို့ ဆိုပါတယ်..။ နိုင်ဝမ်းက သူအသုံးပြုတဲ့ fb စာမျက်နှာမှာ အခုလို ရေးသားထားပါတယ်..။

ကျွန်တော့ပိုက်ဆံအိတ်လမ်းမှာပျောက်သွားလို့ ကောက်ရထားတဲ့လူရှိရင် ကျေးဇူးပြုပြီးဆက်သွယ်ပေးပါခင်ဗျာ.. လမ်းမှာငွေရှင်းရင်းနဲ့ အိတ်ကိုကားခေါင်မိုးပေါ်တင်ထားလိုက်ပြီး ပြန်အထွက်မှာယူဖို့မေ့ပြီး ကားမောင်းထွက်လာလိုက်လို့ ကျကျန်ခဲ့တာပါ..ပုဇွန်တောင်ပန်းခြံအနီးအနားမှာပါ.. ဒီပုံထဲမှာ ကျွန်တော့လက်ထဲက အိတ် အမဲနဲ့အဝါကြားပါ.. အိတ်ထဲမှာ ငွေကမဆိုသလောက်ပဲပါပါတယ်၊ ကျွန်တော့ယာဉ်မောင်းလိုင်စင်ရယ်၊ Mont Blanc ရွှေရောင်မှာ ခရမ်းရောင်ကျောက်တင်ထားတဲ့ဘောပင်တစ်ချောင်းရယ်၊ SONY DSC ကင်မရာတစ်လုံးရယ်၊ ကျွန်တော့သီချင်းအသစ်သုံးပုဒ်ပါတဲ့ မမ်မိုရီစတစ်အဖြူတစ်ခုရယ်၊ ထီလက်မှတ်၂တွဲရယ်၊ ဘဏ်ကဒ်တချို့နဲ့ တခြားဘာတွေပါလဲတော့မမှတ်မိတော့ပါဘူး..။

ကောက်ရတဲ့သူရှိခဲ့ရင် အောက်ပါလိပ်စာသို့ ယာဉ်မောင်းလိုင်စင်ရယ်၊ ကင်မရာရယ်၊ ထီရယ်ပဲ ကျေးဇူးပြုပြီးပြန်ပို့ပေးစေချင်ပါတယ်.. လိုင်စင်ပြန်လုပ်ရတာလဲခက်ခဲသလို၊ ကင်မရာထဲမှာ ကျွန်တော့သီချင်းအမ်တီဗီအတွက်ရိုက်ထားတဲ့ အရေးကြီးဒေတာအချို့ပါသွားလို့ပါ..

ကောက်ရတဲ့လူအတွက် လိုင်စင်ကအသုံးမဝင်သလို၊ ကင်မရာကလဲကျွန်တော်ပတ်စဝေါ့ခံထားတဲ့အတွက် အသုံးပြုလို့ရမှာမဟုတ်ပါဘူး၊ ပြီးတော့ ထီလက်မှတ်တွေတကယ်လို့ပေါက်ခဲ့ရင်တောင် ကျွန်တော်ရဲစခန်းကိုအကြောင်းကြားထားတဲ့အတွက် ထုတ်လို့ရမယ်မထင်ပါဘူး.. အဲဒါကြောင့် အခြားပစ္စည်းအားလုံးနဲ့ငွေကိုယူနိုင်ပါတယ်..

ကျေးဇူးပြုပြီးဒီပစ္စည်းလေးတွေတော့ ပြန်ပို့ပေးစေချင်ပါတယ်..

{ တိုက်(B), အခန်း(၁), တာတတိံသာလမ်း(အထက်), ပုဇွန်တောင်မြို့နယ် }

(သို့မဟုတ်)

{ The Public Food & Beverage, ကရဝိတ်ဥယာဉ်ကမ္ဘာ, ရန်ကုန်မြို့ } ? ? ? Please Share ? ? ” လို့ရေးသားထားပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။