ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် မင်းသမီး ရတနာခင်တို့ မိသားစုဟာ ကထိန်အလှူမင်္ဂလာကို ခမ်းခမ်းနားနား ပြုလုပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်..။ သံဖြူတောရဓမ္မရိပ်သာမှာ ကထိန်ခင်း အလှူ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်…။ ရတနာခင်တို့ မိသားစုဟာ မှော်ဘီမြို့နယ်မှာရှိတဲ့ သံဖြူတောရဓမ္မရိပ်သာကျောင်းတိုက်မှာ သံဃာတော်များကို ကထိန်သင်္ကန်း ကပ်လှူ ပူဇော်ခဲ့တာ ဖြစ်ပါတယ်..။ အနုပညာအလုပ်တွေကို ရပ်နားထားပေမယ့် အလှူဒါန်းတွေနဲ့ ပရဟိတအလုပ်တွေကို အမြဲ ပြုလုပ်နေတာ တွေ့ရပါတယ်..။

လှူဒါန်းမှုတွေ အမြဲပြုလုပ်တတ်တဲ့ ရတနာခင်ဟာ အောက်တိုဘာ(၂၈)ရက်နေ့မှာတော့ သူမရဲ့ fb စာမျက်နှာမှာ “ကထိန်အလှူ @ သဲဖြူတောရဓမ္မရိပ်သာ” ဟု ရေးသားထားပြီး ကထိန်အလှူဓာတ်ပုံအချို့ကို တင်ထားတာတွေ့ရပါတယ်..။ သံဃာတော်များနှင့် သီလရှင်ဆရာလေးများကို ကထိန်သင်္ကန်းများ ဆက်ကပ်လှူဒါန်းပြီး ဧည့်ပရိသတ်များကိုလည်း အစားအသောက်များနှင့် ကျွေးမွေးဧည့်ခံ လှူဒါန်းမှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်..။ အနုပညာအလုပ်တွေနဲ့ အချိန်တစ်ခုအထိ အလှမ်းဝေခဲ့ပေမယ့် လှူဒါန်းမှုတွေနဲ့ ပရဟိတအလုပ်တွေကို မကြာခဏပြုလုပ်နေတာ တွေ့ရပါတယ်..။

ရတနာခငင်ဟာ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့အပြင် သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်..။ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေ မတွေ့ရတော့ဘဲ စီးပွားရေးဘက်ကိုသာ အာရုံစိုက်ပြီး အဓိက လုပ်ကိုင်နေတာ ဖြစ်ပါတယ်..။ အခြေခံ လူတန်းစားတွေအတွက် အဆင်ပြေစေရန် ရည်ရွယ်ပြီး ဈေးနှုန်း သက်သက်သာသာ နဲ့ စားသုံးနိုင်ဖို့အတွက် ထမင်းဆိုင်တွေကိုလည်း ဖွင့်လှစ်ပေးထားသူလည်း ဖြစ်ပါတယ်..။ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ မင်းသမီး ရတနာခင်ဟာ ပရဟိတနဲ့ ဘာသာရေးနှင့် ကုသိုလ်ရေးတို့တွင်လည်း လက်မနှေးသူတစ်ယောက်လည်း ဖြစ်ပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။