မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ ဆွမ်ဆီးအသင်းကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာ ပထမပိုင်းမှာ တစ်ဂိုး ပေးထားရခဲ့တာဖြစ်ပြီး ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ အနိုင်သုံးမှတ် ပြန်လည်ရှာဖွေနိုင်ခဲ့တာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ၁၀ ပွဲ ကစားထားချိန်မှာ ရမှတ် ၁၉ မှတ်နဲ့ အဆင့် ၅ နေရာမှာရှိနေတာလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ လာကာဇတ်တီ၊ ဆန်းချက်၊ အိုဇေလ်း၊ ဘယ်လာရင်၊ ရမ်ဆေး၊ ဇာခါ၊ ကိုလာစီနက် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဆွမ်ဆီးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ အေဗရာဟင်၊ ဂျော်ဒန်အယူး၊ ကာရိုး၊ ဆွန်ယောင်ကီ၊ လီရွန်ဖာ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာ ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက်ပိုင်း တိုက်စစ်တရစပ် ဆင်ခဲ့ပြီး နိုင်ပွဲပြန်ရှာခဲ့တာလည်းဖြစ်ပါတယ်။ 

အဖွင့်ဂိုး ကိုတော့ ၂၂ မိနစ်မှာ ဆွမ်ဆီးအသင်းကရရှိခဲ့တာဖြစ်ပြီး ဒီဂိုးကိုတော့ ကလူကပ် ကသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်းပြီးဆုံးတဲ့အချိန်မှာ ဆွမ်ဆီးအသင်းဟာ တစ်ဂိုးအသာနဲ့ ဦးဆောင်နေခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယ ၅၁ မိနစ်မှာတော့ ကိုလာစီနက် က အာဆင်အသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။၅၈ မိနစ်မှာတော့ ရမ်ဆေးက အာဆင်နယ်အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။