ဇနီးမောင်နှံ တိုင်း သားသားမီးမီးလေးကို အမြွှာလေး တွေ လိုချင်ကြပါတယ် ။ မိမိ မိသားစု ၊ ဆွေးမျိုးထဲမှာ အမြွှာမျိုးရိုး ရှိသူများအနေနဲ့ အမြွှာလေး တွေရဖို့ ပိုပြီး အခွင့်အရေး များပါတယ် ။ အမြွှာမျိုးရိုး မရှိဘူးဆိုတိုင်း အမြွှာလေး တွေကို ပိုင်ဆိုင်ခွင့် မရှိရဘူးတဲ့လား ။ အမျိုးသမီး ၈၉ယောက်မှာ ၁ယောက်ဟာ အမြွှာမျိုးရိုး မရှိသော်လည်း အောက်ဖော်ပြပါ နည်းလမ်း လေးတွေအတိုင်း လိုက်နာဆောင်ရွက်မယ်ဆိုရင် အမြွှာလေးတွေကို ပိုင်ဆိုင်နိုင်ပါတယ်တဲ့ ။ ကဲ..နည်းလမ်းလေးတွေကို ကြည့်ကြည့်ရအောင် ။

၁။ တားဆေး သောက်နားပြီးမှ ကိုယ်ဝန်ဆောင် ပါ ။

တားဆေး သောက်ခြင်းကို ရပ်ပြီး ၃လအကြာမှသာ ကိုယ်ဝန်ဆောင် ဖို့ ကြိုးစာသင့်ပါတယ်တဲ့ ။ အဲ့အချိန်က အမြွှာရနိုင်ခြေများတယ်လို့ လေ့လာမှုတွေက ဆိုပါတယ် ။

၂။ ဝိတ်မလျှော့ပါနှင့် ။

သိပ္ပံပညာရှင် တွေဟာ အကြောင်းအရင်းကို အတိအကျ မသိသေးသော်လည်း ဝတဲ့ အမျိုးသမီးတွေဟာ အမွှာကိုယ်ဝန်ဆောင်နိုင်ဖို့ အခွင့်အလမ်း ပိုများပါတယ်တဲ့ ။သင်ဟာ အမွှာလေးတွေကို လိုချင်ပြီး ဝိတ်ကျဖို့လည်း ကြိုးစားနေသူတစ်ယောက် ဆိုရင်တော့ သင့်ရဲ့ ဝိတ်လျှော့ခြင်းအစီအစဉ်ကို ရပ်တန်းကရပ်လိုက်ပါ။

၃။ကန်စွန်းဥ များများစားပါ ။

လေ့လာမှုတွေအရ ကန်စွန်းဥ ကို နှစ်ခြိုက်စွာ မကြာခဏ စားသုံးတတ်တဲ့ အမျိုးသမီးတွေဟာ အမြွှာကိုယ်ဝန် ရနိုင်ခြေ ၅ဆ ပိုများပါတယ်တဲ့ ။

၄။ဖောလစ်အက်ဆစ် များများမှီဝဲပါ ။

အမျိုးသမီး များအတွက် မဖြစ်မနေ လိုအပ်တဲ့ ဖောလစ်အက်ဆစ် ကို များများ မှီဝဲပေးပါ ။ ကိုယ်ဝန်မဆောင် အချိန်မှာ ဖောလစ်အက်ဆစ် ကို နေ့စဉ် မှီဝဲပေးတဲ့ အမျိုးသမီး တွေဟာ အမြွှာလေးတွေရဖို့ ၄၀ ရာခိုင်နှုန်း ရှိပါတယ်နေ်ာ။

၅။နို့တိုက်ပါ။

ဒါကတော့ ကလေး မွေးပြီး မိခင် တွေအတွက်ပါ ။ နောက်ထပ်ရလာမယ့် သားသားမီးမီး ကို အမြွှာလေးတွေ လိုချင်ရင်တော့ တတ်နိုင်သလောက် ပထမမွေးထားတဲ့ ကလေး ကို မိခင် နို့ရည် တစ်မျိုးတည်းသာ တိုက်ကျွေူးသင့်တယ်လို့ ဆိုပါတယ် ။

၆။ အသက် ၄၅ ကျော်မှ ယူပါတဲ့။

အိုး…ဒါကနည်းနည်းတော့ သိပ်မယုံချင်စရာပါပဲ ။ ဒါပေမယ့် အသက် ၄၅ ကျော်မှ ကိုယ်ဝန်ဆောင်တာဟာ အမြွှာလေး တွေရဖိုု့ ပိုအခွင့်အရေး များပါတယ်တဲ့ ။ အသက် အနညး်ငယ်ရမှ အိမ်ထောင်ပြုတဲ့ အမျိုးသမီးတွေ အတွက်တော့ သတင်းကောင်းပါပဲ ။ အမြွှာလေးတွေလိုချင်တယ်ဆိုရင်တော့ ဒီအချိန်မှာ ကိုယ့်အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ အသင့်ဆုံးပါပဲနေ်ာ။

Source- shwe in lay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။