မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ အီတလီစီးရီးအေ ပွဲစဉ်မှာ အိမ်ရှင် အေစီမီလန်အသင်းကို ဂျူဗင်တပ်အသင်းက ၂ ဂိုး ဂိုးမရှိရလဒ်နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဂျူဗင်တပ်အသင်းဟာ ယခုနိုင်ပွဲကြောင့် ရမှတ် ၂၈ မှတ်နဲ့ အဆင့် ၂ နေရာ တတ်လှမ်းခဲ့ပြီလည်းဖြစ်ပါတယ်။အင်တာမီလန် ၊ နာပိုလီအသင်းတို့ထက် တစ်ပွဲပိုကန်ထားတာလည်းဖြစ်ပါတယ်။အေစီမီလန်အသင်းကတော့ ပွဲစဉ် ၁၁ ပွဲကစားထားပြီးချိန်မှာ ရမှတ် ၁၆ မှတ်နဲ့ အဆင့် ၈ နေရာမှာ ရှိနေတာလည်းဖြစ်ပါတယ်။

အေစီမီလန်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ကလီနစ်၊ ဆူဆို၊ ကေဟမ်နိုဂလူး၊ ဘိုရီနီ၊ ဘီဂလီယာ၊ အဘာတီ၊ ကတ်စီရီ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဂျူဗင်တပ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဟီဂူအင်၊ မန်ဇူကစ်၊ ဒီဘာလာ၊ ကွာဒရာဒို၊ ခီဒီယာ ၊ ပီဂျာနစ် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အေစီမီလန်အသင်းဟာ ဂျူဗင်တပ်အသင်းကို အသာစီးနဲ့ ယှဉ်ပြိုင်ကစားခဲ့ပေမဲ့ ဂိုးသွင်းအဆုံးသတ်သေချာခဲ့တဲ့ ဂျူဗင်တပ်အသင်းက အနိုင်ရရှိသွားခဲ့တာလည်းဖြစ်ပါတယ်။ 

ဂျူဗင်တပ်အသင်းအတွက်အဖွင့်ဂိုးကိုတော့ ၂၃ မိနစ်မှာ ဟီဂူအင်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ပထမပိုင်းပြီးဆုံးချိန်မှာတော့ ဂျူဗင်တပ်အသင်းဟာ တစ်ဂိုးအသာနဲ့ ဦးဆောင်နေခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယပိုင်း ၆၃ မိနစ်မှာတော့ ဟီဂူအင်ကပဲ ဂျူဗင်တပ်အသင်းအတွက် ဒုတိယအနိုင်ဂိုးကို သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ဒီပွဲမှာ အနိုင်ဂိုးတွေသွင်းယူပေးခဲ့တဲ့ ဟီဂူအင် က ယခုပွဲရဲ့အကောင်းဆုံးကစားသမားဆု .man of the match ကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။