အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတွေထဲက နာမည်ကြီး မင်းသမီးတစ်ဦးဖြစ်တဲ့ အိချောပို ရဲ့ ညီမလေးကတော့ အနုပညာအလုပ်တွေ စတင်လုပ်ကိုင်လို့ နေပါပြီ။ ညီမဖြစ်သူရဲ့ နာမည်ကတော့ အိသီရိချိုမောင် လို့ သိရပြီး လက်ရှိမှာတော့ mtv တစ်ခုမှာ ပါဝင်ရိုက်ကူးနေတယ်လို့ သိရပါတယ် ပရိသတ်ကြီးရေ......

ရန်ကုန်နည်းပညာ တက္ကသိုလ်မှာ တက်ရောက်ခဲ့ပြီး လက်ရှိမှာတော့ MBA တက်နေတယ်လို့ သိရပါတယ်။ အမဖြစ်သူနဲ့ အရမ်းရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီး သူမရဲ့ လူမှုစာမျက်နှာမှာလည်း အမဖြစ်သူကို စနေရက် ကျီစယ်ထားတဲ့ post လေးတွေကို မြင်တွေ့ရပ့တယ်။ အမနဲ့ ပတ်သတ်လို့ သူမရဲ့ လူမှုစာမျက်နှာမှာ

"Family is not always about blood!

Sometimes it’s about who is there to hold your hand and support you,when you need them!

Love you xooo my sisEi Chaw Po" ဆိုပြီး ရေးသားထားပါတယ်။ 

လက်ရှိရိုက်ကူးနေတဲ့ mtv လေးမှာတော့ အမဖြစ်သူ အိချောပို မင်းသား ထူးအောင်တို့နဲ့ အတူ ပါဝင်ရိုက်ကူးထားပြီး water boom မှာလည်း ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။ ရှုတင်ရိုက်ကွင်းဓာတ်ပုံလေးတွေကိုလည်း သူမရဲ့ လူမှုစာမျက်နှာမှာ တင်ထားပြီး "Behind the scenes!!

ဓာတ်ပုံတွေမှာ ကြည့်ကောင်းသလိုလိုနဲ့ mtvမှာ ဘယ်လိုတွေတောင် မျက်နှာကြီးကွဲပြဲလာမလဲတော့ မသိဘူး ???" ဆိုပြီး ပြောထားပါတယ် ပရိသတ်ကြီးရေ.....

ကဲ ပရိသတ်ကြီးရေ ချစ်ဖို့ကောင်းတဲ့ အိချောရဲ့ညီမလေး အိသီရိချိုမောင် လေးကို အားပေးကြရအောင်နော်.......

Source: Ei Thiri Cho Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။