ရှုံးနိမ့်မှုဝဲသြဂကြားက မြန်မာ


မြန်မာတို့တရုတ်ကိုရှုံးပြီ။ခြေစစ်ပွဲမအောင်တော့။

ကမ္ဘောဒီးယားကိုရှံုးပြီ။အစဉ်အဆက်နိုင်လာသောအသင်း။

ဒါကယူ-19။ဆီးဂိမ်းတွင်ထိုင်းကိုရှံုးပြီ။တတိယလုပွဲတွင်

အင်ဒိုကိုထပ်ရှုံးပြန်တယ်။ဒါကမြန်မာယူ-22။

ရှံုးနိမ့်မှုသံသရာထဲမှမြန်မာအသင်း။ကျွန်တော်တို့

ထပ်မံ၍မရှံုးနိမ့်ချင်တော့ပါ။


မနေ့ကပွဲမှာတရုတ်ထက်ကစားပုံကောင်းတယ်၊

ဘောလုံးပိုင်ဆိုင်မှုအသာရခဲ့တာပဲလို့မြန်မာနည်းပြ

ကြီးကပြောပါတယ်။ဒါပေမယ့်နိုင်သွားတာကတရုတ်အသင်း

ပါ။ကစားပုံကောင်းသောမြန်မာအသင်းမဟုတ်။

လိုအပ်ချက်များစွာနဲ့မြန်မာအသင်းကိုဖနွမ်းပင်

ခြေစစ်ပွဲမှာတွေ့ခဲ့ရပါတယ်။ဒီယူ-19အသင်း

လေးကိုဘောလုံးအဖွဲ့ချုပ်ဥက္ကဌမျှော်လင့်ခဲ့ပါတယ်။

အင်တာမီလန်လိုအသင်းကိုသရေကျလိုက်တော့

မြန်မာပရိသတ်တို်ကျေနပ်ခဲ့ရပါတယ်။

ယခုတော့ထိုအသင်းရဲ့ကျရှုံးမှုများကားယုံနိုင်စရာမရှိ၊


ထိုကျရှုံးမှုများကိုကောက်ချက်ချကြည့်လျှင်

နည်းပြအပြောင်းအလဲဖြစ်ပါတယ်။ပြင်သစ်နည်း

ပြဘန်လာဘီလက်ထက်တွင်အစွမ်းကုန်

တောက်ပလာသောဝင်းနိုင်ထွန်းယခုနည်းပြဦးချစ်နိုင်

လက်ထက်တွင်လုံးဝငုပ်နေပါတယ်။ဘန်လာဘီ

လက်ထက်တွင်တိုက်စစ်မှုးစစ်စစ်ကစားရသော

ဝင်းနိုင်ထွန်းနေရာအပြောင်းအလဲကြောင့်ယခုပွဲစဉ်

များတွင်တစ်ဂိုးမှမသွင်းမနိုင်ခဲ့။နောက်တစ်ချက်က

ကစားသမားများရဲ့သက်လုံဖြစ်ပါတယ်။ဘန်လာဘီရှေ့

ဦးညီညိလတ်လက်ထက်တွင်ဒေါင်ဒေါင်မြည်အသင်း

အခုကျတော့ဒုတိယပိုင်းရောက်တာနဲ့သက်လုံကျကျသွား

တာယုံနိုင်စရာမရှိ။နောက်ထပ်တစ်ခုကတော့ကစားသမားများရဲ့စိတ်ဓာတ်ပိုင်းပာ။ဒါကတော့သူတို့ကိုယ်တိုင်ပြင်မှရပါမယ်။ရှုံးတာကတော့ရှံုးခဲ့ပြီးပါပြီ။

ဒီအမှားတွေကိုပြုပြင်ကြရုံသာ..

Source -MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။