ပရဟိတမင်းသား ဝေဠုလုကျော်ဟာ မီးလန့်တယ်ကြားလို့သွားကြည့်ခဲ့ရာမှ အဲမှာရှိတဲ့ အလုပ်သမားတွေ မကောင်းဆိုးဝါးဝင်စီးသလိုဖြစ်တဲ့လူနှစ်ယောက်နဲ့တွေခဲ့ရပါတယ်။သူကတော့ ကြက်ခြေနီတစ်ယောက်မို့ဝင်ရောက်ကူညီပြီးတော့ ဆေးခန်းကိုပို့ဆောင်ပေးခဲ့ပါတယ်။ဒါကိုသူ့ရဲ့ဖေ့ဘုတ်ကနေတင်ခဲ့တာဖြစ်ပါတယ်။

#သူနဲ့ကျမှတိုက်တိုက်ဆိုင်ဆိုင်

ဒီနေ့ ဝေဠုကျော် ကုမ္ပဏီက ကိုယ်ပိုင် လုပ်ငန်းခွဲတစ်ခုရှိရာ ပဲခူးက သဲကွင်း ဆီသို့အသွား အင်းတကော်က HK(myanmar) (Hung Kin Myanmar)

အထည်ချုပ်စက်ရုံ မီးလန့်တယ်ကြားလို့ သွားကြည့်ရာမှ အလုပ်သမလေးတွေ မနေ့က

လိမ္မော်ရောင်စက်ရုံကလို မကောင်းဆိုးဝါး

ဝင်စီး သလိုဖြစ်ပြီး ငိုယိုတက်ကာ မေ့မြောတာ နဲ့ကြုံရပါတယ်။

ကြက်ခြေနီ တစ်ယောက်မို့ မနေသာပဲ ဝင်ရောက်

ဝိုင်းဝန်းပြုစုပေးပြီး နှစ်သိမ့်အားပေး ကာ လူမှုဖူလုံရေးဆေးခန်းသို့ကူညီ ပို့ဆောင်ပေးခဲ့ပါတယ်။

စက်ရုံတွေ မှာ ဒီလိုပြဿနာတွေ ခဏခဏဖြစ်နေတာကတော့ သိပ္ပံနည်း

အရ စက်ရုံတွေမှာအောက်ဆီဂျင်ရမှု နည်းလို့လား။

မနားမနေအလုပ်ကြောင့် စိတ်ဖိဆီးများလွန်းပြီး

စိတ်ကစဉ့်ကလျား ဖြစ်ကြတာလား။

တကယ်ပဲ နာနာဘာဝမကောင်းဆိုးဝါးစီးသလား

ဆိုတာ သေချာစစ်ဆေးပြီး ကုသသင့်ပါပြီ။

ဘာပဲဖြစ်ဖြစ် အကူအညီလိုသူနဲ့ ကူညီချင်သူကတော့

သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် အမြဲကြံုရတော့တာပါပဲ။

source - wai lu kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။