သရုပ်ဆောင်မင်းဦးတို့ချစ်စရာဇနီးမောင်နှံဟာပရိသတ်တွေကြားရေပန်းစားလို့နေပါတယ်။မင်းဦးတို့ဇနီးမောင်နှံဟာနားလည်မှုရှိရှိနဲ့ရွှေလက်တွဲလာတာယခုဆိုတစ်နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်လေးတောင်ရှိလာပြီပဲဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ဇနီးမောင်နှံ၂ယောက်ဟာသူတို့ရဲ့၁နှစ်ပြည့်မင်္ဂလာနှစ်ပတ်လေးမှာအလှူအတန်းလေးတွေလဲပြုလုပ်ခဲ့ကြတာပဲဖြစ်ပါတယ်။မန္တလေးကမိဘမဲ့ဂေဟာလေးမှာသွားရောက်လှူဒါန်းခဲ့သလိုစစ်ကိုင်းတောင်မြတောင်ချောင်မဏိစလေဆုတောင်းပြည့်စေတီမှာပြုလုပ်ခဲ့တဲ့ဗုဒ္ဓပူဇနိယပွဲတော်မှာလဲသံဃာတော်အပါး၅၀နှင့်သီလရှင်ဆရာလေးအပါး၃၀တို့ကိုဆွမ်းဆန်စိမ်းသွားရောက်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။

သရုပ်ဆောင်မင်းဦးနဲ့သူရဲ့ချစ်ဇနီးချောလေးခိုင်ဝေသူတို့ဟာမန္တလေးမှာဘုရားအစုံဖူးပြီးယခုလက်ရှိမှာတော့ဇာတ်ကားရိုက်ကူးနေတာပဲဖြစ်ပါတယ်။မြစ်တစ်စင်းရဲ့ကျေးကျွန်များ လို့အမည်ရတဲ့ရုပ်ရှင်ဇာတ်ကားကြီးကို ပြည်သူချစ်သရုပ်ဆောင်များဖြစ်တဲ့ကျော်သူ,နေမျိုးအောင်,အောင်မင်းခန့်,ထွန်းအိန္ဒြာဗိုလ်,မိုးပြည့်ပည့်မောင်စတဲ့အနုပညာရှင်ပေါင်းများစွာနဲ့အတူရိုက်ကူးပုံဖော်လျက်ရှိတယ်လို့သိရပါတယ်။ဒီနေ့မှာတော့မင်းဦးဟာသူရဲ့လူမှုကွန်ယက်ကနေချစ်ဇနီးချောလေးနဲ့အတူရိုက်ကွင်းပေါ်ကအမှတ်တရပုံရိပ်လေးတွေကိုမျှဝေထားတာပဲဖြစ်ပါတယ်။

မင်းဦးဟာပရိသတ်ချစ်သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်သလိုယခုနောက်ပိုင်းမှာလဲဒါရိုက်တာအဖြစ်နဲ့အနုပညာလုပ်ငန်းတွေလုပ်ကိုင်လျက်ရှိတယ်လို့သိရပါတယ်။သူတက်စွမ်းတဲ့အနုပညာအလုပ်တွေနဲ့ပရိသတ်တွေအတွက်အကောင်းဆုံးတင်ဆက်နိုင်ဖို့ကြိုးစားလျက်ရှိပါတယ်လို့ဆိုပါတယ်။ဒီနေ့မှာလဲမင်းဦးရဲ့ချစ်ဇနီးချောလေးနဲ့ရိုက်ကွင်းပေါ်ကအမှတ်တရပုံရိပ်လေးတွေကိုလဲပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - မင်းဦး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။