San Antonio, Texas မှာနေတဲ့ George နဲ့ Ora Lee Rodriguez ဆိုတဲ့ ဇနီးမောင်နှံရဲ့ အဖြစ်အပျက်ဟာ အရမ်းကို ဝတ္ထုဆန်လှပါတယ်။

ချစ်ဖို့ကောင်းတဲ့ ဇနီးမောင်နှံတို့ဟာ တက္ကသိုလ် တက်စဉ်ကထဲက ကြိုက်နှစ်သက်ခဲ့ကြတာပါ။ George က ရေတပ်မှာစစ်မှုထမ်းပြီးပြန်လာတာနဲ့လက်ထပ်ခဲ့ကြတာ ယခုဆိုရင် ၅၈နှစ်တောင်ရှိသွားပါပြီ။သူတို့ဟာ သမီးသုံးယောက်ကိုကျွေးမွေးပြီး လင်မယားနှစ်ယောက်စလုံး အေးအေးချမ်းချမ်းနဲ့နေလာတာ ဆေးရုံကို မရောက်ခင်အထိပါပဲ။

သူတို့နှစ်ယောက် မင်္ဂလာနှစ်ပတ်လည် ဆင်နွှဲပြီး ရက်အနည်းငယ်ကြာမှာတော့ နာမကျန်းဖြစ်လို့ နှစ်ယောက်စလုံးကို ဆေးရုံကိုပို့ခဲ့ပါတယ်။ ဆေးရုံရောက်ပြီးနောက်နေ့ မနက်ကြတော့ တစ်ယောက်လက် တစ်ယောက်ကိုင်ကာ အိပ်နေရင်းနဲ့ သေဆုံးသွာတဲ့ သူတို့နှစ်ယောက်ကို တွေ့လိုက်ရတဲ့အချိန်မှာတော့ ကိုယ်မျက်စိကိုယ် မယုံနိုင်လောက်အောင်ဖြစ်သွားကြပါတယ်။

သူတို့နှစ်ယောက် ကနောက်ဆုံးထွက်သက်အထိ အတူရှိကာဖေးမသွားတဲ့ အချစ်တွေမကုန်ဆုံးနိုင်တဲ့ လင်မယားနှစ်ယောက်လို့လဲ တင်စားလို့ရပါတယ်။ နာမည်ကြီးရုပ်ရှင် Notebook ထဲကအတိုင်းပဲ လင်မယားနှစ်ယောက်စလုံးဟာ သူငယ်ပြန်နေတာဖြစ်ပြီးနောက်ဆုံးထွက်သက်ထိ တူတူနေနိုင်အောင် ဆရာဝန်တွေကို ကုတင်ဘေးချင်းကပ်ရပ်ထားခိုင်းခဲ့တာဖြစ်ပါတယ်။

အရမ်းကို လှပတဲ့ အချစ်ပုံပြင်လေးတစ်ပုဒ်နဲ့တူတယ်နော်။

translated by Anna

Source: inspiremore

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။