ကလေးသုံးယောက်တင်ခဲ့သော

ဆိုင်ကယ်ကိုတိုက်ပြီးမောင်းပြေး

သောOoredooကုမ္ပဏီ၊အင်ဂျင်နီယာ၏ကား၊ချောက်ထဲကျ၍ဖမ်းမိ

ကသာမြို့၊ရပ်ကွက်၉၊သံလမ်းကူး

တဲ့နေရာမှာကလေးသုံးယောက်ကိုတင်စီးခဲ့တဲ့ဆိုင်ကယ်အား

ို၁၂.၁၁.၂၀၁၆နေ့လည်၁နာရီ၊၁၅

မိနစ်အချိန်မှာပစ်ကပ်ကား

တစ်စီးကတိုက်ခဲ့ပြီးမောင်းထွက်ပြေး

ခဲ့ပါတယ်။

ဆိုင်ကယ်စီးလာသူကလီဆူအမျိုး

သမီးမလေးမီးဖြစ်ပြီးမောင်မျိုးဝေ၊

မောင်မထိရ၊ဖြိုးပပနိုင်တို့ကိုတင်ပြီး

လမ်းဘေးကစီးလာချိန်မှာOoredoo

ကုမ္ပဏီမှအင်ဂျင်နီယာကျော်မြင့်နိုင်

(ဘ)ဦးသိန်းအောင်၊အမှတ်၁ရပ်ကွက်၊

ရွှေဘို်မြို့မောငး်နှင်လာတဲ့ကားက

ဝင်တိုက်ပြီးထွက်ပြေးခဲ့ပါတယ်။

ဆိုင်ကယ်စီးသူမလေးမီးကအဝေးကို

လွင့်သွားပြီးကလေးသုံးယောက်က

တော့ဒဏ်ရာရသွားခဲ့ပါတယ်။

အရက်မူးမောင်းလာတဲ့ကျော်မြင့်နိုင်

Ooredooကုမ္ပဏီမှအင်ဂျင်နီယာ

ဟာမရပ်ဘဲဆက်မောင်းပြေးခဲ့ရာမှာ

၁နာရီ၂ဝမိနစ်အချိန်မှာတော့ကသာ

မြို့အထွက်ကွေ့မှာအရှိန်မထိန်းနိူင်

ဘဲချောက်ထဲကျလို့အဖမ်းခံလိုက်ရ

တယ်လို့သိရပါတယ်။

ဒဏ်ရာရတဲ့ကလေးသုံးယောက်ထဲ

မှာမောင်မထိရကတော့အတွင်းလူနာ

အဖြစ်ကသာပြည်သူ့ဆေးရုံကြီး

မှာကုသနေတယ်လို့သိရပါတယ်။

ကသာယာဉ်ထိန်းတပ်ဖွဲစုမှူးဒုရဲမှူးရန်နိုင်

မှအရက်မူးတိုင်းကိရိယာဖြင့်စမ်းသပ်စစ်

ဆေးခဲ့ရာမှာအရက်သောက်ထားကြောင်း

တွေ့ရှိရတယ်လို့သိရပါတယ်။

Credit - Ko Aye Lwin (Katha)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။