တူးတူးကိုအနိုင်ယူပြီးကမ္ဘာ့လက်ဝှေ ့ချန်ပီယံဖြစ်ချင်တဲ့ဘဒါတို


မိုက်ကယ်ဘဒါတိုဟာသြဇီနွယ်ဖွားဖိလစ်ပိုင်လူမျိုးတစ်ယောက်ပါ။အာရှသွေးပါပေမယ့်ငယ်စဉ်တောင်ကျေးဘဂ

ထဲကသြစတေးလျမှာနေထိုင်ခဲ့ပြီးသြဇီနိုင်ငံသားလုံးလုံး

ုဖြစ်နေပါပြီ။သူဟာBoxingကိုတစ်ဖက်ကမ်းခတ်အောင်

ထိုးသတ်နိုင်သူတစ်ယောက်ဖြစ်သလိုသြစတေးလျမွေထိုင်း

ချန်ပီယံဆုအကြိမ်ကြိမ်ရရှိထားသူပါ။

မိုက်ကယ်ဘဒါတိုအခုရန်ကုန်ကိုရောက်နေပါပြီ။

ရန်ကုန်ကိုရောက်နေတဲ့တစ်ခုတည်းသောအကြောင်းက

မြန်မာ့လက်ဝှေ ့ကျော်တူးတူးနဲ့ထိုးသတ်ဖို့ပါပဲ။

တူးတူးနဲ့ဘဒါတိုထိုးသတ်ရာမှာနိုင်တဲ့သူကWLCကပေး

အပ်တဲ့ကမ္ဘာ့လက်ဝှေ့ချန်ပီယံခါးပတ်ရရှိမှာပါ။

မိုက်ပယ်ဘဒါတိုကကမ္ဘာ့လက်ဝှေ့ချန်ပီယံကိုပထမဆုံး

ရဖူးတဲ့သြဇီနိုင်ငံသားဖြစ်ချင်တယ်လို့ပြောပါတယ်။


တူတူးဟာရှုံးပွဲမရှိတဲ့မြန်မာ့လက်ဝှေ့ကျော်တစ်ဦး

ဖြစ်ပေမယ့်မိုက်ကယ်ဘဒါတိုဟာတူးတူးကို

အနိုင်ထိုးနိုင်မယ်လို့်ယုံကြည်နေပါတယ်။ကိုယ်ခံ

ပညာမျိုးစုံတတ်ကျွမ်းတဲ့သူဟာမြန်မာ့ရိုးရာ

လက်ဝှေ့ကိုမြင်လိုက်ရပြီးသူကစားချင်တဲ့အား

ကစားနည်းဟာဒါမျိုးဆိုတာသိလိုက်ရတယ်လို့

ပြောပြပါတယ်။သူအနေနဲ့ပြီးခဲ့တဲ့WLCပွဲမှာလည်း

ဘာရောက့ကြည့်ရှု့ခဲ့ပြီးမြန်မာ့ရိုးရာလက်ဝှေ့နည်း

စနစ်တွေကိုခုချိန်လောက်ဆိုကျေညက်နေလောက်ပါပြီ။

WLCခါးပတ်ကြီးကိုဘဒါတိုပဲသြဇီကိုယူသွားမလား

အိမ်ရှင်လက်ဝှေ့သမားတူးတူးကပဲအနိုင်ယူ

သွားမလားဆိုတာကတော့နောက်လလေးရက်နေ့ကို

စောင့်ကြည့်ကြပါစို့။

Soirce-Badato

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။