Angelina Jolie

ဂျိုလီရဲ့ တနေ့အစားအစာ စားသောက်တဲ့ အကြိမ်အရေအတွက်ကို သင်သိပါသလား? အကယ်လို့ သင်သိခဲ့ ရင်ရော အံ့သြသွားမလား?

သူမရဲ့ တနေ့ အစားအသောက် စားသောက်တဲ့ အကြိမ်အရေ အတွက် ကတော့ ၅ ကြိမ်လို့သိရပါတယ်။

အဲ့လောက် အများကြီး စားသောက်ပြီး သူမ ခန္ဓာကိုယ်က ဘာလို့ ကျစ်လစ်လှပနေသလဲ သင် စဉ်းစားနေလောက်ပြီပေါ့။

အဖြေကတော့ ရှင်းပါတယ် ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ၊ ကောင်းမွန်တဲ့ အစားအသောက် နဲ့ အနားယူ အိပ်စက်မှု တွေကြောင့်ပေါ့။

တောင့်တင်းကြံ့ခိုင်ပြီး ကိုယ်လုံးကိုယ်ပေါက် အချိုးအဆစ်ကျနတဲ့ အင်ဂျလီနာ ဂျိုလီ ဟာ ကာဘိုဟိုက်ဒရိုက် နဲ့ ပရိုတင်းကို များများ၊ ၊ အဆီကို နည်းနည်းပဲ စားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူမဟာ အားကစားကို ပြင်းပြင်းထန်ထန် လုပ်ပြီး အားကစားကြောင့် ပျက်စီးသွားတဲ့ ကြွက်သားမျှင်လေးတွေကို ပရိုတင်းက ပြန်လည် ပြုပြင်ပေးကာ၊ ကာဘိုဟိုက်ဒရိုက်ကတော့ ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည် ဖြည့်တင်းပေးလို့ ဖြစ်ပါတယ်။ သူမဟာ နေ့စဉ် ရေများများသောက်သုံးပေးခြင်း၊ ထို့အပြင် အဆီထုတ် နွားနို့ ၂၅၀ml ကိုလဲ နေ့စဉ် သောက်သုံးတယ်လို့ ဆိုပါတယ်။

Halle Berry

X-Men ဇာတ်ကားမှာ မုန်တိုင်းမယ် အဖြစ် လူသိများတဲ့ Halle Berry ဟာ ပြားချပ်တဲ့ ဝမ်းဗိုက်၊ လှပကျော့ရှင်းတဲ့ ကိုယ်နေ ဟန်ထားတွေကို မြင် တဲ့ ပုဿရိသ တိုင်း ကြွေဆင်းသွားမှာ အမှန်ပါပဲ။

Berryဟာ အသက် ၁၉ နှစ် အရွယ်မှာ ဆေးစစ်ကြည့်တော့ သူမမှာ ဆီးချို ရောဂါရှိနေကို သိခဲ့ပါတယ်။ ဒါပေမဲ့ သူမဟာ စိတ်ပျက် စိတ်အားငယ်မှု တွေမရှိတဲ့ အပြင် သူမရဲ့ နေ့စဉ် ဘဝနေထိုင်မှု ပုံစံတွေကို ကြိုးစားပြောင်းလဲ နိုင်ခဲ့ ပါတယ် အကျိုးဆက်ကတော့ ပရိတ်သက် ကြီး မြင်တဲ့ အတိုင်းပဲပေါ့။ သူမရဲ့ ပြောပြခဲ့တဲ့ ရိုးရှင်းတဲ့ ဥပဒေသတွေကတော့…..

(၁)အသီးအနံှ နဲ့ ဟင်းသီးဟင်းရွက် တိုက်ရိုက်စားသုံးခြင်းဖြင့် ရရှိတဲ့ သကြားဓာတ်ကလွဲလို့ တခြားပြုပြင်စီမံ ထားတဲ့ သကြားဓာတ်ကို မစားပါဘူး။

(၂)ဆီကြော်စာတွေကို ရှောင်ခြင်းပဲ ဖြစ်ပါတယ်။

(၃)နောက်ဆုံး ဥပဒေသကတော့ မကောင်းတဲ့ အစားအသောက် စားချင်တဲ့ စိတ် ထိန်းချုပ်ခြင်းဖြစ်ပါတယ်။ ဥပမာအားဖြင့် သူမဟာ အစားအသောက်တွေ အိမ်မှာ ပဲ စားသောက်လေ့ရှိပါတယ် ဘာကြောင့်လဲဆိုတော့ စားသောက်ဆိုင်မှာ စားရတာထက် ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်လို့ပဲ ဖြစ်ပါတယ်တဲ့။ မဖြစ်အနေ သွားစားရမယ် ဆိုရင်တောင် သူမ အနေနဲ့ အဆီဓာတ်မပါတဲ့ သွားရည်စာ တခုခုကို စားဖို့ စိတ်ပိုင်းဖြတ်ပြီးမှ သွားတာဖြစ်ပါတယ်။

Source - မမလှလှသွယ်လျလျ (လွန်းထားထား - ဆေးတက္ကသိုလ်) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။