မိဘများ မည်မျှပင် ပြည်စုံစေကာမူ မိမိ ခြေထောက်ပေါ် မိမိ မရပ်တည် နိုင်လျှင် ရေရှည် ဘဝမှာ အောင်မြင်မှု မရနိုင်ကြောင်းကို ဆယ်ကျော်သက်အရွယ် မြန်မာမိန်းကလေး တွေအတွက် စံထားစရာ Role Model တစ်ဦးဖြစ်တဲ့ Beauty Blogger မလေး နေခြည်ဦးက ပြောပြခဲ့ပါတယ်။

“တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ တွေအနေ ကိုယ်ဘာလုပ်ချင်လဲ ဆိုတာ အချိန်ယူပြီးစဉ်းစား၊ ကျောင်းပြီးလို့ ဘွဲ့ယူပြီးရင် ဘယ်အလုပ်ကြီးကို ဝင်လုပ်ရမလဲ မစဉ်းစားနဲ့ ကိုယ်ခြေထောက်ပေါ် ကိုယ်လှမ်းနိုင် ဖို့ အဓိက ကြိုးစား၊ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည် နိုင်တယ်ဆိုတာ အဖေနဲ့ အမေကို ပြနိုင်တဲ့ နေ့ဟာ မိဘတွေအတွက် ဂုဏ် အယူရဆုံး နေ့ ဖြစ်ပါလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။

နေခြည်ဦး မဖြစ်ခင် ထူးပြည့်စုံမွန် ဆိုတဲ့ ကောင်မလေး တစ်ယောက် ဖြစ်ပါတယ်။ထူးပြည့်လေးဟာ ရန်ကုန် TTC ကျောင်းထွက်တစ်ယောက်ပါ။ ငယ်စဉ်က စာကြမ်းပိုးလေး ထူးပြည့်ဟာ ဆယ်တန်းရောက်ချိန် မှာတော့ ခြောက်ဘာသာ ဂုဏ်ထူးမှန်းထားခဲ့ ပေမယ့် ရည်မှန်းထားတဲ့အတိုင်း မဖြစ်ခဲ့ပါဘူး။ ဆရာဝန် ဖြစ်ချင်ခဲ့တဲ့ ထူးပြည့်လေးဟာ မျှော်မှန်းထားသလိုမဖြစ်ခဲ့တော့ ဝမ်းနည်းခဲ့ရပါတယ်။ ဒါပေမယ့် သူဟာဘဝကို အရှုံးမပေးပဲ မှုခင်းနဲ့ဆေးဝါးပညာဘွဲ့ကို အင်္ဂလန်မှာ သွားယူခဲ့ပါတယ်။ နောက်တစ်ခုက မိဘနဲ့ကတောက်ကဆဖြစ်ပြီး နေခြည်ဦး ဘဝမှာ စိတ်ဓာတ်တွေ ကုန်းကောက်စရာမရှိအောင် ကျဆင်း ခဲ့ရဖူးပါတယ်။ စိတ်တွေ အကြာကြီး လေနေခဲ့ပြီး တခြားသူတွေကို ကြည့်ရင်း သူ့ဘဝကို သူပြန်ဆန်းစစ်ကြည့် မိခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူ online make -up store လေး သူကြိုးစားဖွင့်လှစ်ခဲ့ပြီး ဒီနေ့မှာ ကျွန်တော်တို့မြင်နေရတဲ့ အောင်မြင် ကျော်ကြားတဲ့ နေခြည်ဦးဖြစ်လာခဲ့တာပါပဲ။

Source – Myanmar Celebrities 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။