မင်းသမီးချောလေးရွှေပိုးအိမ်ပဲဖြစ်ပါတယ်။ရွှေပိုးအိမ်မှာအနုပညာလုပ်ငန်းတွေများစွာလုပ်ကိုက်လျက်ရှိသလိုကုသိုလ်ရေးမှာလဲလက်မနှေးသူလေးတစ်ယောက်ပဲဖြစ်ပါတယ်။အောက်တိုဘာ၂၉ရက်နေ့ဒီနေ့မှာသစ်တံခါးဆရာတော်ဘုရားကြီး၁၀၈ရက်အဓိဌာန်အောင်ပွဲမှာသွားရောက်ကုသိုလ်ပြုလှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။သစ်တံခါးဆရာတော်ဘုရားကြီးရဲ့(၁၂)ကြိမ်မြောက်၁၀၈ရက်အဓိဌာန်အောင်ပွဲမှာတက်နိုင်သလောက်ပါဝင်လှူဒါန်းခဲ့တာပါလို့ဆိုပါတယ်။

ရွှေပိုးအိမ်ဟာသူမရဲ့လူမှုကွန်ယက်ကနေလဲပရိသတ်တွေသာဓုခေါ်ဆိုနိုင်ရန်သူမရဲ့ဒီနေ့ပြုတဲ့ကုသိုလ်အလှူလေးကိုမျှဝေပေးထားတာလဲတွေ့ရပါတယ်။"အားလုံးရဲ့ကိုယ်စား ရွှေပိုး တတ်နိုင်သလောက်လေး လှူဒါန်းခဲ့ပါတယ်

ရွှေပိုးရဲ့အလှူက အကိုအမတွေအားလုံးရဲ့ အလှူပါပဲရွှေပိုးပြုပြုသမျှ ကုသိုလ်ကောင်းမှု အစုစုတို့ကို အားလုံး ထပ်တူထပ်မျှရရှိကြပါစေ" ဆိုတဲ့စာသားလေးနဲ့အတူရွှေပိုးရဲ့ချစ်စရာကောင်းတဲ့ကုသိုလ်ပြုနေတဲ့ပုံရိပ်လေးတွေကိုမျှဝေထားပဲဖြစ်ပါတယ်။ရွှေပိုးကိုချစ်တဲ့ပရိသတ်တွေနဲ့လဲရင်ရင်းနှီးနှီးအမှတ်တရဓာတ်ပုံလေးတွေရိုက်ကူးဖြစ်ခဲ့ပါတယ်လို့ဆိုပါတယ်။

မင်းသမီးချောလေးရွှေပိုးအိမ်ဟာပရိသတ်တွေအတွက်အနုပညာလုပ်ငန်းတွေကြိုးစားလုပ်ကိုင်လျက်ရှိသလိုအချိန်ရရင်ရသလိုအလှူအတန်းလေးတွေလဲလုပ်ဖြစ်ပါတယ်လို့ဆိုပါတယ်။ပရဟိတလုပ်ရတာလဲဝါသနာပါသူတစ်ယောက်ဖြစ်ပြီးနောင်လဲတက်နိုင်သလောက်ပရဟိတလုပ်ငန်းတွေမှာပါဝါကူညီလှူဒါန်းသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ရွှေပိုးရဲ့ဒီနေ့သစ်တံခါးဆရာတော်ဘုရားကြီး၁၀၈ရက်အဓိဌာန်အောင်ပွဲမှာသွားရောက်လှူဒါန်းခဲ့တဲ့ပုံရိပ်လေးတွေကိုလဲပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - ေရႊပိုးအိမ္

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။