မြန်မာ့တပ်မတော်နှင့်နိုင်ငံဝန်ထမ်းကောင်းများအားထောက်ခံပွဲကို ရန်ကုန်မြို့၊စူးလေဘုရားအနီးရှိ မြို့တော်ခန်းမရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။ထိုထောက်ခံပွဲကို ပြည်သူအများအပြားကလည်း ဆိုင်းဘုတ်များနဲ့တူ တတ်ကြွစွာပါ၀င် ထောက်ခံခဲ့ကြတာလဲဖြစ်ပါတယ်။

မြန်မာ့တပ်မတော်နှင့် နိုင်ငံဝန်ထမ်းကောင်းများအားထောက်ခံပွဲလို့အမည်ပေးထားတဲ့ ဒီထောက်ခံပွဲကို ဒီနေ့အောက်တိုဘာ (၂၉)ရက်၊နေ့လည် (၁၂)နာရီတွင် ကမ္ဘာအေးဘုရားလမ်းမှ မြို့တော်ခန်းမအထိ ချီတတ်ထောက်ခံခဲ့ကြပါတယ်။

နေ့လည် (၄) နာရီတွင် မြို့တော်ခန်းမရှေ့တတွင် ထောက်ခံကြောင်းဟောပြောပွဲလုပ်ခဲ့ကြပြီး ဦးလှဆွေ နှင့် မော်ဒယ်နှင့်အလှအမယ်ရွှေအိစည်တို့လည်းတတ်ကြွပျော်ရွှင်စွာနဲ့ ပါ၀င်ဟောပြောခဲ့ကြတာကို တွေ့ရပါတယ်။

Source – mizzima news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။