ရှမ်းရိုးမဆီမှာခိုနားသွားတဲ့နေရှင်နယ်လိဂ်ဆုဖလားကြီး


ဒီနေ့ပွဲစဉ်တွေအပြီးမှာတစ်ရာသီလုံးလိုလိုမာရသွန်လိုကျင်း

ပလာခဲ့တဲ့မြန်မာနေရှင်နယ်လိဂ်တစ်ရာသီစာကားလိပ်ချ

သွားခဲ့ပါပြီ။နေရှင်နယ်လိဂ်ကြီးပြီးဆုံးချိန်မှာချန်ပီယံသစ်

ပေါ်ထွက်လာခဲ့ပါတယ်။သူတို့ဟာပြီးခဲ့တဲ့ရက်ပိုင်းကပဲ

ရန်ကုန်ကိုအနိုင်ကစားကာဗိုလ်ချုပ်ဒိုင်းရယူခဲ့ကြသူတွေပါ။

အခုရာသီရဲ့နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ဟံသာဝတီနဲ့ပွဲမှာ

အိမ်ကွင်းပရိသတ်ရှေ့မှာလေးဂိုးပြတ်နဲ့အနိုင်ယူပြီး

အမှတ်ပေးဖလားကိုပါထပ်မံသိမ်းပိုက်ပြခဲ့ပြန်ပါတယ်၊။



ဖလားနှစ်လုံးရရှိသွားတဲ့အတွက်ရှမ်းယူနိုက်တက်ဟာ

ရန်ကုန်ပြီးနောက်တစ်ရာသီတည်းဖလားနှစ်လုံးရရှိ

တဲ့အသင်းအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ရှမ်းနည်းပြစိုး

မြတ်မင်းဟာလည်းဖလားနှစ်လုံးတစ်ခါတည်းရယူပေးနိုင်တဲ့

မြန်မာလူမျိုးနည်းပြအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

သူတို့ဒီအောင်မြင်မှုကိုလွယ်လွယ်နဲ့ရခဲ့တာမဟုတ်ပါဘူး။

ဒီနေ့ပွဲမှာဆိုဟံသာဝတီကိုအနိုင်ရမှချန်ပီယံဖြစ်မှာမို့

အစောပိုင်းပွဲချိန်တွေမှာဂိုးရဖို့ရုန်းကန်ခဲ့ရပါတယ်။



ရှမ်းတိုက်စစ်ကိုဦးဆောင်လာတဲ့တိုက်စစ်မှူးဒွေးကိုကိုချစ်

နာသွားပြီးနောက်မှာရှမ်းတိုက်စစ်ကိုဦးဆောင်ခဲ့သူက

ဇင်မင်းထွန်းပါ။ဒွေးကိုကိုချစ်အစားတော့ရွှေကိုဝင်ရောက်

ကစားခဲ့ပါတယ်။ဟံသာဝတီအသင်းကိုဦးဆောင်လာသူက

နာမည်ကျော်တောင်ပံကစားသမားမောင်မောင်လွင်ပါ။

မောင်မောင်လွင်၊ဆန်းတို့၊ဂျူနီယာတို့နဲ့ဟံသာဝတီဟာ

ရှမ်းကိုသူတင်ကိုယ်တင်ကစားနိုင်ပေမယ့်ရှမ်းတိုက်စစ်မှုး

ဇင်မင်းထွန်းရဲ့ဂိုးကိုစတင်ခွင့်ပြုလိုက်ရပြီးနောက်မှာတော့

ပြိုဆင်းသွားခဲ့ပါတယ်။ရွှေကိုအခွင့်အရေးတွေဖြုန်းနေတာကြောင့်ဝါရင့်တိုက်စစ်မှူး

စိုးမင်းဦးနဲ့လူစားလဲခံရပါတယ်။စိုးမင်းဦးဝင်လာပြီးနောက်

ရှမ်းအသင်းအတွက်အနိုင်သေချာမယ့်ဂိုးနှစ်ဂိုးကိုသွင်းယူပေးခဲ့

ပါတယ်။ရှမ်းအတွက်နောက်ဆုံးဂိုးကိုတော့နာကျင်အချိန်ပိုမှာ

ခရစ္စတိုဖာကသွင်းယူပေးခဲ့တာပါ။ဂုဏ်ယူပါတယ်

MNLချန်ပီယံသစ်ရှမ်းပဲပုတ်လေးများရေ..

Agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။