အနုပညာလောကရဲ့ နာမည်ကြီး မင်းသမီးတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်သလို ပရိသတ်တွေအားပေးကြရတဲ့ မင်းသမီးလည်းဖြစ်သူကတော့ သင်ဇာဝင့်ကျော် ပါ။ အနေအထိုင် အပြေအဆို ပွင့်လင်းလှတဲ့ သူမဟာ ပရိသတ်တွေနဲ့ ရင်းနှီးစွာ ဆက်ဆံလေ့ရှိသူတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။ 

တလောက သင်ဇာဝင့်ကျော် တစ်ယောက် ငွေဆောင်မှာ ကြော်ငြာတစ်ခုသွားရောက်ရိုက်ကူးခဲ့ပါတယ်။ ထိုကြော်ငြာ ရိုက်ကွင်းက ဓာတ်ပုံတွေကတော့ ပရိသတ်တွေကြား အတော်လေး ရေပန်းစားခဲ့ပါတယ်။ ယနေ့မှာတော့ သင်ဇာတစ်ယောက် beach အလွမ်းပြေဆိုပြီး သူမရဲ့ လူမှုစာမျက်နှာမှာ ကမ်းခြေက ဓာတ်ပုံတစ်ချို့ကို ထပ်တင်ထားတာတွေ့ရပါတယ်။ 

လတ်တလောမှာတော့ သင်ဇာတစ်ယောက် အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေတာတွေ့ရပါတယ်။ နာမည်ကြီး အောင်လအန်ဆန် နဲ့ ကြော်ငြာတစ်ခုရိုက်ကူးထားပြီး Moon Sun ဆီဆိုင်အတွက် ကြော်ငြာရိုက်ကူးပေးခြင်းဖြစ်တယ်လို့ သိရပါတယ် ပရိသတ်ကြီးရေ......

Source: Thinzar Wint Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။