အာရှဖူဆယ်ပြိုင်ပွဲဝင်ခွင့်ရခဲ့တဲ့မြန်မာ


မြန်မာဘောလုံးအသင်းများရလဒ်တွေဆိုးရွား

နေစဉ်မှာမြန်မာဖူဆယ်ကတော့နိုင်ငံဂုဏ်ဆောင်နေဆဲလို့ဆို

ရပါမယ်။မြန်မာဖူဆယ်အသင်းဟာဗီယက်နမ်နိုင်ငံမှာကျင်းပ

နေတဲ့အာဆီယံဖူဆယ်ပြိုင်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်လျှက်ရှိ

နေပါတယ်။ဆီမီးရောက်လေးသင်းဟာ2018အာရှဖူဆယ်ချန်ပီယံရှစ်

ဝင်ခွင့်ရမှာမို့အသင်းတွေအားလုံးကြိုးစားခဲ့တာကိုတွေ့ရပါတယ်။မြန်မာအသင်းဟာဒီနေ့ကစားတဲ့အင်ဒိုနဲ့ပွဲမှာအကောင်း

ဆုံးခြေစွမ်းပြသွားခဲ့ပြီးသုံးဂိုးနှစ်ဂိုးနဲ့အနိုင်ယူကာဆီမီးကို

တက်သွားခဲ့ပါတယ်။

မြန်မာဟာအင်ဒိုနဲ့ပွဲမကစားမီဘရူနိုင်းကို13ဂိုးဂိုးမရှိ၊ဖိလစ်ပိုင်ကို25ဂိုးဂိုးမရှိနဲ့အနိုင်ယူထားခဲ့ပါတယ်။

ဆီးဂိမ်းမှာရလဒ်မကောင်းခဲ့တဲ့အတွက်အီရန်နည်းပြကိုထုတ်

ပြီးမြန်မာနည်းပြကိုပြန်ပြောင်းကိုင်တွယ်စေခဲ့ပြီး

ခြေစွမ်းတိုးတက်လာတာတွေ့မြင်ရပါတယ်။အင်ဒိုဟာ

မနေ့ကဗီယက်နမ်ကိုရှုံးထားခဲ့တာကြောင့်မြန်မာကို

အနိုင်ယူဖို့အသေအချာပြင်ဆင်လာခဲ့ပါတယ်။



ဒါပေမယ့်ပထမပိုင်းမှာပဲမြန်မာအသင်းကအောင်အောင်၊ပြည့်ဖြိုးမောင်တွဲလုံးကနေတဆင့်ပြည့်ဖြိုးမောင်ကမြန်မာ

အတွက်ဗွေဆော်ဦးဂိုးသွင်းယူပေးခဲ့ပါတယ်။ဒါပေမယ့်

ချေပဂိုးရဖို့အသည်းအသန်ကြိုးစားလာတဲ့အင်ဒိုမြန်မာ

ဘက်ကိုချေပဂိုးပြန်သွင်းနိုင်ခဲ့ပါတယ်။ပထမပိုင်းအပြီး

မှာတော့တစ်ဂိုးစီသရေကျနေခဲ့ပြီးဒုတိယပိုင်းမှာပြည့်

ဖြိုးမောင်ကပဲအင်ဒိုဂိုးသမားကိုကျော်ကာလှလှပပသွင်းယူ

ပေးခဲ့ပါတယ်။ဒုတိယဂိုးရပြီးတဲ့နောက်မှာတော့

မြန်မာအသင်းခံစစ်ပုံစံပြောင်းဆော့ခဲ့ပါတယ်။အင်ဒိုအသင်း

ရဲ့ဂိုးသမားပါရှေ့တက်ပြီးဖိကစားနေချိန်မှာအင်ဒိုဘောလုံး

ပျက်သွားရာမှတဆင့်အောင်အောင်ကတတိယဦးဆောင်ဂိုး

ထပ်သွင်းခဲ့ပါတယ်။အင်ဒိုအနေနဲ့ချေပဂိုးရဖို့အသည်းအသန်ကြိုးစားလာခဲ့ပြီး

ဒုတိယချေပဂိုးကိုတော့သွင်းယူနိုင်ခဲ့ပေမယ့်ပွဲအပြီးမှာတော့မြန်မာကသုံးဂိုးနှစ်ဂိုးနဲ့အနိုင်ရရှိသွားပါတော့တယ်။

Agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။