ကလေးသရုပ်ဆောင် ယွန်းယွန်း ဆိုတာ ငယ်စဉ်ကတည်းက ပရိသတ်တွေရဲ့ အချစ်တော် တစ်ဦးဖြစ်ခဲ့ရသူပါ။ ယခုဆိုရင်တော့ ဆယ်ကျော်သက်အရွယ်တောင် ရောက်လို့နေပြီး တက္ကသိုလ်ပထမနှစ် တက်ရောက်ပြီးဆုံးသွားပြီလို့ သိရပါတယ်။ ယခုတလော လူမှုစာမျက်နှာထက်မှာ ယွန်းယွန်းလေးရဲ့ ဂါဝန်လေးနဲ့ ပွဲတက်ခဲ့တဲ့ ပုံရိပ်တွေဟာ ရေပန်းစားလို့နေပါတယ်။

ဒီဝတ်စုံလေးနဲ့ ယွန်းယွန်းဟာ Radio Festival 2017 ပွဲသို့တက်ရောက်ခဲ့တာဖြစ်ပြီး ဒီဝတ်စုံလေးကို ဒီဇိုင်နာ ငြိမ်းကို ကို ချုပ်ပေးခဲ့တာဖြစ်ပါတယ်။ ယွန်းယွန်းကတော့ သူမရဲ့ လူမှုစာမျက်နှာမှာ "မနေ့ညက.. ချစ်စရာကောင်းတဲ့ dress​လေးနဲ့ ☺??

#Radiofestival2017

Beautiful Dress By Designer Nyein Ko (Chic&Chic) ?

Snaps by Nay Min Tun (Amazing Grace) ?

Thanks ?" ဆိုပြီး ကျေးဇူးတင်စကား ဆိုထားပါတယ်။

ဒီဝတ်စုံလေးကို လူတော်တော်များများက သဘောကျနှစ်သက်နေပြီး ဖန်တီးပြုလုပ်ပေးထားတဲ့ ဒီဇိုင်နာ ငြိမ်းကိုကတော့

"ယွန်းယွန်းအတွက် ကိုက် ၅ဝကုန်ထားတဲ့ လူငယ်ဆန်တဲ့ Red Carpet ပေါ်လျှောက်မယ့်ဂါဝန်လှလှလေး.... အချိန်သိပ်မရလို့ နှစ်ရက်ထဲနဲ့ကြိုးစားချုပ်ပေးထားတယ် ?

ဓါတ်ပုံလှလှလေးအတွက် ကိုနေ Nay Min Tun ကျေးဇူးပါ ညီလေး ?" ဆိုပြီး ရေးသားထားပါတယ် ပရိသတ်ကြီးရေ......

Source: Yoon Yoon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။