အောက်တိုဘာ ၂၉ ရက် ဒီနေ့ ညနေ၅နာရီအချိန်ခန့်တွင်တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်,အနော်ရထာလမ်း၌မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မီးပုံးပျံ ယမ်းပြုလုပ်ရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိ တွင် နေအိမ် ၄ လုံး မီးကူးစက်လောင်ကျွမ်းလျက်ရှိကာ ရပ်ကွက်နေပြည်သူများ၊ မီးသတ်တပ်ဖွဲ့နှင့် စည်ပင်ရေကား များဖြင့် ဝိုင်းဝန်းငြှိမ်းသတ်လျက်ရှိကြောင်း ကနဦးသတင်းများအရသိရပါတယ်။

တောင်ကြီးတန်ဆောင်တိုင်မီးပုံပျံပြိုင်ပွဲဟာ တောင်ကြီးမြို့ရဲ့ခရီးသွားရာသီဖြစ်သလိုမြန်မာတစ်နိုင်ငံလံုံးကသွားရောက်လည်ပတ်ကြတဲ့ပွဲတော်တစ်ခုပဲလဲဖြစ်ပါတယ်။နှစ်စဉ်နှစ်တိုင်းစည်ကားသိုက်မြိုက်စွာကျင်းပတဲ့ရိုးရာပွဲတော်တစ်ခုလဲဖြစ်ပါတယ်။ယခုလိုပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်မီးပုံပျံယမ်းများခွေရာမှမတော်တဆမီးလောင်မှုဖြစ်စဉ်တွေဟာနှစ်တိုင်းဖြစ်ပွားလျက်ရှိပြီးခုလိုမတော်တဆမီးလောင်မှုတွေဆက်လက်ဖြစ်ပွားမှုမရှိစေရန်တောင်ကြီးမီးပုံပျံပြိုင်ပွဲကြီးကျပ်ရေးကော်မတီမှတာဝန်ရှိလူကြီးမင်းများနဲ့တောင်ကြီးမီးသတ်ဦးစီးဌာနမှပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။

သတင်းအရင်းအမြစ် - ကမ္ဘောဇတိုင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။