ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ဟာ မြန်မာစပါးအုံးမြွေလို့ တင်စားခေါ်ဝေါ်ရတဲ့ ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆိုင်းနဲ့ ကြော်ငြာ ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်..။ ဓာတ်ဆီဆိုင်ကြော်ငြာတစ်ခုကို ရိုက်ကူးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်..။ Moon Sun ဓါတ်ဆီဆိုင်ကြော်ငြာကို နှစ်ယောက်အတူတူရိုက်ကူးခဲ့တာ ဖြစ်ပါတယ်..။ လတ်တေလာလူစိတ်ဝင်စားမှုအများဆုံး ရှိနေတဲ့ သူတို့နှစ်ဦးကို ဓာတ်ဆီဆိုင်က ကြော်ငြာရိုက်ကူးဖို့အတွက် ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်..။

ကမ္ဘာ့ချန်ပီယံဖြစ်တဲ့ အောင်လအန်ဆိုင်းဟာ မြန်မာနိုင်ငံသားတွေသာမက ပြည်ပနိုင်ငံသားတွေရဲ့ ချစ်ခင်အားပေးလေးစားမှုကိုပါ ရရှိထားပြီး အောင်မြင်တဲ့ လက်ဝှေ့အားကစားသမားတစ်ယောက် ဖြစ်ပါတယ်..။ မြန်မာလူမျိုး တိုင်းရင်းသားတစ်ယောက်ဖြစ်တဲ့ အောင်လအန်ဆိုင်းဟာ ကမ္ဘာ့ကျော် လက်ဝှေ့ချန်ပီယံဖြစ် ကြော်ငြာတွေကိုလည်း လက်ခံရိုက်ကူးပေးနေပါတယ်..။ မကြာခင်ရက်ပိုင်းက ပွဲစဉ်တစ်ခုအတွက် မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိခဲ့တာ ဖြစ်ပါတယ်..။ အောင်လအန်ဆိုင်းဟာ အလိန်းဂါလာနီ နဲ့ လာမယ့် နိုဝင်ဘာ(၃)ရက်နေ့မှာတော့ ညနေ(၆)နာရီခွဲအချိန်မှာ သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းမှာ ယှဉ်ပြိုင်ထိုးသတ်မှာ ဖြစ်ပါတယ်..။

အဲ့ဒီပွဲကို မြန်မာတပြည်လုံးက တစိတ်တဝမ်းတည်း အားပေးကြမယ့် စိတ်လှုပ်ရှားစရာအကောင်းဆုံး ပွဲစဉ် တစ်ခုလည်း ဖြစ်ပါတယ်..။ မကြာသေးခင်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့ပြီး ဒီပွဲကို အနိုင်ရရှိမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သူများအားလုံးနှင့်အတူ ယုံကြည်ပြီး ဆုတောင်းပေးကြောင်းနှင့် အားပေးစကားများ ပြောကြားခဲ့ပါတယ်..။ ပရိသတ်အားပေးမှု အခိုင်အမာ ရရှိထားတဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်နှင့်အတူ ရိုက်ကူးထားတဲ့ ဓာတ်ဆီဆိုင် ကြော်ငြာလေးကိုလည်း မကြာခင် တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်..။ သင်ဇာဝင့်ကျော်ဟာ လတ်တလောမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေပြီး အခမ်းအနားပွဲများ တတ်ရောက်ခြင်းနှင့် ဇာတ်ကားများ ရိုက်ကူးနေပြီး ကြော်ငြာများလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်..။

Photo - Aye Zaw Moe-setthmu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။