လတ်တလော ပရိသတ်အားပေးမှု အများဆုံးရရှိထားတဲ့ အေးဝတ်ရည်သောင်းကတော့ တွေ့တဲ့ယောင်္ကျားကိူ ဆွဲယူပြီးတော့ စိတ်ညစ်ရတာထက်စာရင် ကိုယ်လုပ်ချင်တာ လုပ်နေရတာကို ပိုသဘောကျတယ်လို့ သူမက ဆိုပါတယ်..။ ပြည်သူ့ အချစ်တော်ဖြစ်သူ မအေးသောင်းလေးရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေကလည်း စိတ်ဝင်တစားနေကြတာလည်း ဖြစ်ပါတယ်..။ သူမကလည်း သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းနဲ့ ပရိသတ်တွေကို ပြောပြထားသူလည်း ဖြစ်ပါတယ်..။ ပြည်သူ့အချစ်တော် မအေးသောင်းက အိမ်ထောင်ပြုချင်းအကြောင်းနဲ့ ပတ်သက်ပြီး သူမရဲ့ အမြင်လေးတွေကို အခုလိုပဲ ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်..။

“လောလောဆယ်တော့ အိမ်ထောင်ပြုဖို့ အစီအစဉ်မရှိသေးပါဘူး.. ဘာကြောင့်လဲဆိုတော့ တချို့တွေကတော့ ထင်မှာပဲ အချစ်ပေါ့သွားမှာ ဘာညာ အဲ့ဒါကြောင့်တော့ မဟုတ်ပါဘူး..။ အစ်မကိုယ်တိုင်ကိုက ကိုယ်လုပ်ချင်တာလေး ကိုယ့်ရဲ့ရည်မှန်းချက်လေးရှိတယ် သူကလည်းရှိမှာပါ တစ်ယောက်နဲ့တစ်ယောက် အလူုပ်ကို လွတ်လွတ်လပ်လပ်လုပ်လို့ရတာပေါ့..။ အိမ်ထောင်ပြုလိုက်တယ်ဆိုလို့ ရှိရင်ကြတော့လည်း သူ့ကိုကိုယ်တိုင်ပင် လုပ်ငန်းတွေအရှေ့မရောက်တော့ဘဲ ကိုယ့်ရဲ့ရည်မှန်းချက်တွေ သွေဖီသွားမှာ အပင်မရှာချင်သေးတာပေါ့..။ ဒါမယ့် အိမ်ထောင်ပြုရတာတော့ ကံပေါ့ စိတ်ချမ်းသာတဲ့လူရှိသလို စိတ်မချမ်းသာတဲ့သူရှိတယ် အမျိုးမျိုးပေါ့နော် ပူလောင်တယ်လို့ ကိုယ်တွေးတယ်ဆိုရင် ကိုယ့်ရဲ့ အတွေးပေါ်ပဲ မူတည်ပါတယ်.. ။

ကိုယ်ကတော့ နေတတ်တယ်ဆိုလို့ရှိရင်လည်း ပူလောင်မှာ မဟုတ်ဘူးပေါ့လေ အဲ့တော့ ပူလောင်တယ် မပူလောင်တယ်လို့တော့ မပြောချင်ပါဘူးလေ ရည်မှန်းချက်နဲ့ အိမ်ထောင်ရေး အဲ့လိုတော့ တွဲမထားပါဘူး..။ ရည်မှန်းချက်ကြောင့် အိမ်ထောင်မပြုတော့ဘူးလည်း မဟုတ်ဘူး..။ အိမ်ထောင်ပြုလိုက်လို့ ရည်မှန်းချက်ပျောက်သွားတာလည်း မဟုတ်ဘူးပေါ့..။ ကိုယ်လုပ်ချင်တာလေး ကိုယ်လုပ်လို့ရသေးတယ် သူလည်း သူလုပ်ချင်တာလေး လုပ်ခွင့်ရှိသေးတယ်ပေါ့နော် အဲ့လိုနေချင်တဲ့သဘောပါပဲ..။ ဟိုလိုမျိုးကြီး ငါအသက်ကြီးလာပြီး အိမ်ထောင်ပြုရတော့မယ်ဆိုပြီးတော့ တွေ့တဲ့ယောင်္ကျားကို ဆွဲယူလိုက်ပြီးတော့ စိတ်ညစ်ရတာထက်စာရင် ကိုယ့်ဘာသာကို ဒီတိုင်းလေးနေပြီးတော့ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်နေရတာကို အမပိုပြီးတော့ ပိုသဘောကျတယ် ..။” လို့ ပြောထားပါတယ်..။

Source - Myanmar Celebritise

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။