The X Factor Result Show ရဲ့ အဖွင့်သီချင်း Group Song အဖြစ် ပြိုင်ပွဲဝင်များ အားလုံးက စောဖွဲ့မှူး ရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ “အဆောင်သရဲ” သီချင်းကို သီဆိုပြီး ယနေ့ညအတွက် စတင် အသက်သွင်း သွားခဲ့ပါတယ်။ Voting မဲများပိတ်ပြီးနောက် ဧည့်သည်အဆိုတော်အဖြစ် The Marionette Band မှ “နွေ ” သီချင်းနှင့် “ဘယ်လိုမေ့လို့ ရမှာလဲ” သီချင်းကို သီဆိုဖျော်ဖြေပြီးနောက် ယနေ့ရဲ့ Result ကို စတင်ကြေငြာခဲ့ပါတယ်။

ပထမဆုံးအနေနဲ့ ကိုဇဝါရဲ့ တစ်ဖွဲ့တည်းသာ ကျန်ရှိတဲ့ Group Category နှင့် မငယ်ငယ်ရဲ့ Boys Category မှ ပြိုင်ပွဲဝင်များအားလုံး နှင့် မဇမ်နူးရဲ့ Girls Category မှလည်း နောက်ထပ်တစ်ဆင့်ကို လွတ်လွတ်ကျွတ်ကျွတ် တက်လှမ်းနိုင်ခဲ့ပါတယ်။ ကံဆိုးနေတာ နှစ်ပတ်ရှိပါပြီလို့ ကိုစည် ပြောတဲ့အတိုင်းပဲ ဒီတစ်ပတ်ရဲ့ bottom ထိတဲ့ သူနှစ်ဦးလုံးက Overs Category ကပဲ ဖြစ်နေပါတယ်။ 

ဒါ့ကြောင့် ယမုံနဲ့ သဲထူးက save song ကို သီဆိုပြီး နှစ်ယောက်ထဲက တစ်ယောက်ကတော့ မဖြစ်မနေ အိမ်ပြန်ပြီး ရှေ့ဆက်ရမဲ့ အခွင့်အရေးကို လက်လွှတ်ရမှာပဲ ဖြစ်ပါတယ်။ ယမုံကတော့ “ဒဿလက်သစ်” သီချင်းကို သပ်သပ်ရပ်ရပ် သီဆိုသွားနိုင်ခဲ့ပါတယ်။ သဲထူးကတော့ “အနီးဆုံးလူ” သီချင်းကို ခံစားချက် အပြည့်နှင့် သီဆို တင်ဆက်သွားခဲ့ပါတယ်။ 

ကိုဇဝါ၊ မဇမ်နူး နှင့် ကိုစည်တို့ရဲ့ ရွေးချယ်မှုအရ နောက်တစ်ဆင့် ထပ်မံ တက်လှမ်းနိုင်သူကတော့ ယမုံပဲ ဖြစ်ပါတယ်။ ယမုံ့အတွက်လည်း ၀မ်းသာကျေနပ်မိပါတယ်။ သဲထူးကို အိမ်ပြန်လွှတ်ခဲ့ရလို့ ဒိုင်လူကြီး တစ်ဦးဖြစ်တဲ့ ကိုစည် အနေနဲ့လည်း စိတ်မကောင်းဖြစ်ရမယ် ဆိုတာ အသေအချာပါပဲ။ သဲထူးကို အားပေးတဲ့ ပရိတ်သတ်များလည်း ရှိပြီး အရည်အချင်းရှိတဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်တာကြောင့် အနုပညာလမ်းကို ရှေ့ဆက်လျှောက်ပါလို့လည်း အကြံပေးချင်ပါတယ်။ Fighting ပါ ကိုသဲထူးရေ ….

ဒီလိုမျိုး ရင်ခုန်စရာတွေ ပြည့်နေတဲ့ The X Factor ပြိုင်ပွဲကြီးကို နောက်တစ်ပတ်မှာတော့ ကျန်ရှိနေတဲ့ ပြိုင်ပွဲဝင် ရ ဦးမှ Song For You Theme နဲ့ သီဆိုယှဉ်ပြိုင်ကြမှာဖြစ်ပြီး ဘယ်သူတွေက ဘယ်လို Performance တွေနဲ့ သီဆို ယှဉ်ပြိုင်ကြမလဲဆိုတာကို ရင်ခုန်စွာ စောင့်မျှော်ကြည့်ရှု ရင်း အားပေးကြရအောင်နော် <3 <3 <3

အားလုံးပဲ သာယာလှပသော နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေနော်  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။