အောက်တိုဘာ ၂၉ မှာကျရောက်တဲ့ ဒါရိုက်တာညိုမင်းလွင်ရဲ့ သမီးလေး ပန်တျာနှင်းဆီလွင် ရဲ့ မွေးနေ့မှာ ဖေဖေ ကိုညိုမင်းလွင်က

" Happy Birthday ပါ သမီးငယ်လေးပန်တျာနှင်းဆီလွင်...

တစ်နေ့တခြား ဒယ်ဒီနဲ့အကျင့်စရိုက်တွေတူလာနေတဲ့ Scorpio ဖွားသမီးငယ်လေးကို မွေးနေ့ပျော်ရွှင်ပါစေ လို့ဆုတောင်းလိုက်ပါတယ်...

With love,

Daddy

29 October.2017 " လို့ သူ့ရဲ့ လူမှုကွန်ယက်မှာတင်ပြီး ဆုတောင်းပေးခဲ့တာပါ ။

သမီးလေး နှစ်ယောက်ရှိတဲ့ ကိုညိုမင်းလွင်ဟာ ယခင်ကသရုပ်ဆောင်တစ်ဦးဖြစ်ခဲ့ပြီး ယခုလက်ရှိမှာတော့ ဒါရိုက်တာတစ်ဦးအနေနဲ့ ရပ်တည်နေသူဖြစ်ပါတယ် ။ ကိုညိုမင်းလွင် ကတော့ဒါရိုက်တာအဖြစ်နဲ့လည်းအောင်မြင်သူတစ်ဦးပါ ။ သူရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေဟာဆိုရင် ဇာတ်လမ်းထူးခြားတဲ့ ဇာတ်ကားလေးတွေ ဖြစ်ပြီး လူငယ်တွေကြားရေပန်းစားခဲ့တာပဲဖြစ်ပါတယ် ။  

သတင်းအရင်းမြစ် Nyo Min Lwin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။