မင်းသမီးအိချောပိုတစ်ယောက်ကတော့ အလန်းစားဓာတ်ပုံလေးတွေနဲ့ ပရိတ်သတ်ကို ထပ်မံ ချည်နှောင်လိုက်ပြန်ပါပြီ။ သူမရဲ့လှပလွန်းတဲ့ ခန္တာကိုယ်ကောက်ကြောင်းတွေကြောင့် ပုရိ သတွေကြားရေပန်းစားနေသူလေးပေါ့။ သူမပါဝင်သရုပ်ဆောင်ထားတဲ့ “ အော်တိုဘုရင် ” ဇာတ်ကားဟာလဲ ရုံတင်ပြသနေပြီဖြစ်ပြီး ပရိတ်သတ်တွေလဲ ဝန်းရံကြတယ်လို့ သိရပါတယ်။

စူစူလို့ ခေါ်တဲ့ အိချောပိုတစ်ယောက် အပြာရောင်အင်္ကျ ီလေးနဲ့ အပြာရောင်ထဘီလေးကို လိုက်ဖက်စွာဝတ်ဆင်ထားပြီး စွဲမက်ချင်စရာကောက်ကြောင်းလေးတွေနဲ့ ဓာတ်ပုံရိုက်ထားတာ ဖြစ်ပါတယ်။ သူမရဲ့ မကျေနပ်ချက်အချို့ကိုလဲ Facebook မှာပေါက်ကွဲထားတာတွေကိုလဲတွေ့ ရပါတယ်။ စူစူတော့ ဒေါသထွက်နေပြီထင်တယ်။

“ ကြော်ငြာပိုစတာတွေမှာ မင်းသမီးပုံတွေမထည့်လိုက်, မင်းသမီးအချင်းချင်းပြသနာဖြစ် အောင်လုပ်လိုက်, ဟိုမင်းသမီး အပြစ်လိုလို, ဒီမင်းသမီးအပြစ်လိုလိုလုပ်လိုက်နဲ့ မခံနိုင်လို့ ပြသ နာဖြစ်တော့... အဲလိုလုပ်ပြီး အဲ့ဒီ့ကားကိုလူသိအောင် နာမည်ကြီးအောင် ဖွချင်တာလားလို့ မေး လိုက်ချင်တယ်... ကျမကတော့ ပြသနာမဖြစ်တတ်တော့ အဲဒီ့နည်းလမ်းလေး မထိရောက်ဘူး လို့ပြောပါရစေ... ဒါပေမယ့် ဥပက္ခာတော့ ပြုတတ်တယ်နော်... ” ဟု ရေးသားထားတာဖြစ်ပြီး ဘယ်လိုအကြောင်းအရင်းကြောင့်ရယ်ဆိုတာတော့ သေချာမသိရသေးပါဘူး။

စူစူ့ရဲ့ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးမြင်တွေ့နိုင်အောင် ဝေမျှပေးလိုက် ပါတယ်။ သူမရဲ့အပြာရောင် Fashion လေနဲ့ သူမရဲ့ကောက်ကြောင်း ဘယ်လို လိုက်ဖက်ညီပြီး တင့်တယ်နေတယ်ဆိုတာ ပရိတ်သတ်ကြီးလဲ ရှုစားပေးကြပါဦးနော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။