မြန်မာနိုင်ငံက ရုပ်ရှင်မင်းသားတော်တော်များများ ရိုက်ဖူးတဲ့ ဇာတ်ရုပ်ကတော့ အခြောက်ပုံစံ ဇာတ်ရုပ်ပဲဖြစ်ပါတယ် ။

ဟာသဇာတ်ကားတွေထဲပါ၀င်လေ့ရှိတဲ့ ထို အခြောက်ဇာတ်ရုပ်ကို ရိုက်ရာမှာ လိုအပ်တဲ့ မိန်းကလေးဝတ်စုံတွေကို

မော်ဒယ် သန္တာဗိုလ်ဆီက ငှားရမ်းသုံးခဲ့တယ်လို့ မော်ဒယ်လင်းအောင်ခေတ်က ဖွင့်ပြောပြခဲ့တာပါ ။ 

'' Bad Boys 2 ဆိုတဲ့ရုပ်ရှင်ဇာတ်ကားထဲမှာဆိုရင် အခြောက်ပုံစံလုပ်ရတယ်။ အခြောက်လိုမျိုးလုပ်ရတော့ ကိုယ်ကလည်း ဗလကြီးက အကြီးကြီးပဲဆိုတော့ အခြောက်လုပ်ရတဲ့အခန်းတွေမှာ တောင့်တောင့်ကြီးတွေဖြစ်နေတဲ့ အခန်းရှိတယ်။ အဲ့ဒါတော့ အမှတ်တရပါပဲ။ အဲ့ဒီဇာတ်ကားအတွက် မိန်းကလေးအဝတ်အစားတွေကိုတော့ ကျွန်တော့် သူငယ်ချင်း မော်ဒယ်လ် သန္တာဗို ဆီက ငှားလိုက်တယ်။ သူက လူကောင်လည်းကြီးတော့ ယောကျ်ားလေး ဝတ်ရတာ အဆင်ပြေတယ်'' လို့ Duwun Media ကအင်တာဗျူးတစ်ရပ်မှာ ဆိုထားတာကိုတွေ့ရှိရပါတယ် ။  

သန္တာဗိုလ်က မြန်မာနိုင်ငံကမော်ဒယ်တွေထဲ ရှားပါးတဲ့အရပ်အမောင်းကောင်းသူတစ်ယောက်ပါ ။ မော်ဒယ်လင်းအောင်ခေတ်အတွက်တော့ အဆင်ပြေသွားတာပေါ့ ။

နှုတ်ခမ်းနီမလေးတွေကြား ရေပန်းစားတဲ့ မော်ဒယ်လင်းအောင်ခေတ်က မော်ဒယ်အဖြစ်အနုပညာလောကထဲ စတင်ဝင်ရောက်လာခဲ့ပြီး ခုချိန်မှာတော့ Video တွေ ရုပ်ရှင်ကားကြီးတွေကို ရိုက်ကူးနေပြီဖြစ်တဲ့ သရုပ်ဆောင်တစ်ဦးပဲဖြစ်ပါတယ် ။ 

သတင်းအရင်းမြစ် Duwun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။