မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ တန်းတက် ဂီရိုနာအသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ် ယခုပွဲစဉ် ရှုံးပွဲကြောင့် ရမှတ် ၂၀ နဲ့ အဆင့် ၃ နေရာမှာ ရှိနေခဲ့တာလည်းဖြစ်ပါတယ်။ဇယားထိပ်ဆုံးက ပြိုင်ဘက် ဘာစီလိုနာအသင်းနဲ့ ၈ မှတ်ထိကွာဟခဲ့ပြီလည်းဖြစ်ပါတယ်။ဒါ့အပြင် အဆင့် ၂ အသင်းက ဗလင်စီယာအသင်းနဲ့ ၄ မှတ်ကွာဟနေသေးတာလည်းဖြစ်ပါတယ်။ 

ဂီရိုနာအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ စတူအာနီ၊ ပေါ်တူ၊ ဂရာနယ်၊ ရီးအဲယား၊ ဂါစီယာ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်၊ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဘန်ဇီမာ၊ စီရော်နယ်ဒို၊ အစ္စကို၊ ကတ်စမဲရိုး၊ တိုနီကရူး၊ မိုဒရစ် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းဟာ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ ဂီရိုနာအသင်းက ဒုတိယပိုင်းမှာ ချေပဂိုးနဲ့ အနိုင်ဂိုး သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းအတွက် ဦဆောင်ဂိုးကိုတော့ ပွဲစလို့ ၁၂ မိနစ်မှာ အစ္စကို ကသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်းပြီးဆုံးချိန်အထိ ရီးရဲလ်မက်ဒရစ်အသင်း တစ်ဂိုးအသာနဲ့ ဦးဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယပိုင်း ၅၄ မိနစ်မှာ စတူအာနီက ဂီရိုနာအသင်းအတွက် ချေပဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။နောက် ၄ မိနစ်အကြာမှာပဲ ပေါ်တူ က ဂီရိုနာအသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။