သိန်းတစ်ထောင်ရတဲ့ရှမ်းယူနိုက်တက်

မြန်မာနေရှင်နယ်လိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ရှမ်းယူနိုက်တက်

ဟာမနေ့ကဆုကြေးတွေ၊ဆုတံဆိပ်တွေချီးမြင့်ခံခဲ့ရပါတယ်။

မြန်မာဘောလုံးအဖွဲ့ချုပ်ဥက္ကဌဦးဇော်ဇော်က

ရှမ်းအသင်းသားတစ်ယောက်ချင်းစီကိုဆုတံဆိပ်တွေ

ချီးမြင့်ခဲ့ပြီး၊ဘောလုံးအဖွဲ့ချုပ်နာယကကြီးဦးအောင်ကိုဝင်း

ကတော့ဆုကြေးငွေသိန်းတစ်ထောင်ကိုရှမ်းအသင်းကို

ပေးအပ်ခဲ့ပါတယ်။ဒါ့အပြင်ရှမ်းပြည်နယ်ဝန်ကြီးချုပ်

ဒေါက်တာလင်းထွဋ်ကလည်းနေရှင်နယ်လိဂ်

ဆုဖလားကြီးကိုပေးအပ်ခဲ့ပါတယ်။ရှမ်းပြည်နယ်အစိုးရအဖွဲ့ကလည်းဆုကြေး

သိန်းငါးဆယ်ပေးအပ်ချီးမြင့်ခဲ့ပါသေးတယ်။

ဗိုလ်ချုပ်ဒိုင်းရော

အမှတ်ပေးဖလားပါရရှိခဲ့တဲ့ရှမ်းအတွက်ဆုလဒ်တွေ

ရပ်တန့်မသွားသေးပါဘူး။

အမှတ်ပေးဖလားရရှိတဲ့အတွက်ရှမ်းဟာအာရှချန်ပီယံလိဂ်

Play-Offဝင်ခွင့်ရရှိခဲ့ပါသေးတယ်။သူတို့အနေနဲ့နောက်

နှစ်ဘောလုံးရာသီမှာမြန်မာပြည်ကိုယ်စားပြုအဖြစ်

အာရှချန်ပီယံလိဂ်မှာဘယ်လိုခြေစွမ်းတွေပြမလဲစောင့်

ကြည့်ကြရမှာပါ။ဒီနှှစ်အာရှချန်ပီယံလိဂ်ဝင်ခဲ့တဲ့ရတနာပုံကတော့မစွံခဲ့ပါဘူး။

နောက်နှစ်ရာသီမှာတော့ရှမ်းအသင်းအနေနဲ့ပြင်ဆင်မှုကြီးကြီး

မားမားတွေပြုလုပ်ပြီးပြိုင်ပွဲဝင်မယ်လို့ယုံကြည်မိပါတယ်။

ဒီအောင်မြင်မှုတွေအတွက်ရှမ်းပြည်ဒေသခံတွေ၊ရှမ်းကစားသမားတွေ၊တာဝန်ရှိသူတွေအားလုံးပျော်နေကြပါတယ်။ဆုပေးပွဲအခမ်း

အနားပြီးဆုံးသွားတဲ့နောက်မှာတော့ဂုဏ်ပြုညစာ

စားပွဲကိုဆက်လက်ပြုလုပ်ခဲ့ပါတယ်။အဆိုပါ

ဂုဏ်ပြုညစာစားပွဲမှာတော့နာမည်ကြီးအဆိုတော်ကြီးတွေ

ဖြစ်တဲ့လေးဖြူ၊အငဲ၊မျိုးကြီး၊ဝိုင်းဝိုင်းတို့သီဆိုဖျော်ဖြေပေး

ခဲ့ကြပါတယ်။အမဲလိုက်အကနဲ့ကလုန်ခဲ့တဲ့ရှမ်းယူနိုက်တက်ရဲ့

လှပတဲ့ညချမ်းလေးပေါ့။

Source-Shan

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။