ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင်မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းကတော့ Pre Wedding ပုံအသစ်လေးတွေကို ထပ်တင်လိုက်ပါတယ်..။ ဒီတစ်ခေါက်ပုံလေးတွေဟာ ချစ်စရာကောင်းပြီး တစ်မျိုးလေး ဆန်းနေပါတယ်..။ သူမတို့ စုံတွဲဟာ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ မြန်မာဝတ်စုံလေးတွေနဲ့ Pre Wedding ပုံလေးတွေ ရိုက်ခဲ့တာ ဖြစ်ပါတယ်..။ ဝတ်စုံလေးကိုတော့ နာမည်ကြီး ဒီဇိုင်နာ မျိုးမင်းစိုးက ချုပ်ပေးထားတာ ဖြစ်ပြီး ကိုလိုနီခေတ် ပုံစံလေး ဖန်တီပေးထားတာ ဖြစ်ပါတယ်..။ နန်းမြတ်က ပုံလေးတွေကိုတင်းရင်း အခုလိုလည်း ရေးသားထားပါသေးတယ်..။

“ပါရီရောက် ကိုလိုနီခေတ်မြန်မာနှစ်ယောက်... ဟဲဟဲ

ဝတ်စုံလှလှလေးအတွက် Ko Myo Minn Soe ကိုကျေးဇူးများကြီးတင်ပါတယ်ရှင့်

fittingတောင်လုပ်စရာမလိုပဲဒီတိုင်းထည့်ပီးယူသွားတာဟိုရောက်လို့ဝတ်လိုက်တော့ကွက်တိ လှလဲလှ

သူများနိုင်ငံမှာအဲ့ဝတ်စုံနဲ့ဆိုတော့လူတွေဝိုင်းကြည့် ဓာတ်ပုံတွေဝိုင်းရိုက်ကြ ဘယ်နိုင်ငံကလဲမေးကြနဲ့ အလုပ်တွေရှုပ်နေတာပဲ ? အမှတ်တရများနဲ့Paris” ဆိုပြီး ရေးသားထားတာပါ..။ အချစ်ရေးနဲ့ ပတ်သက်ပြီး သိုသိုသိပ်သိပ်နဲ့ နေခဲ့တဲ့ နန်းမြတ်ဟာ ပြီးခဲ့တဲ့ လပိုင်းက သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို အသိပေးခဲ့တာ ဖြစ်ပြီး မင်္ဂလာသတင်းကိုပါ ကြေညာခဲ့တဲ့အတွက် ပရိသတ်များကို အံ့သြစေခဲ့တာ ဖြစ်ပါတယ်..။ ချစ်သူသက်တမ်းသုံးနှစ်ကျော်ကာလမှာ လက်ထက်ပွဲကို ကျင်းပပြုလုပ်မှာလည်း ဖြစ်ပါတယ်..။

မင်းသမီးချောလေး နန်းမြတ်က သူမအနေနဲ့ အိမ်ထောင်ပြုပြီးနောက်ပိုင်းလည်း အနုပညာအလုပ်တွေ ဆက်လက် လုပ်ဆောင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်..။ မင်္ဂလာလက်ထက်ပွဲနီးနေပေမယ့်လည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတာ တွေ့ရပါတယ်..။ နန်းမြတ်ဟာ လာမယ့် နိုဝင်ဘာ(၂၆)ရက်နေ့မှာ ဆီဒိုးနားဟိုတယ်မှာ လက်ထက်ပွဲကို ကျင်းပပြုလုပ်မှာ ဖြစ်ပြီး မင်္ဂလာညစာစားပွဲကိုတော့ နိုဝင်ဘာ(၂၇)ရက်နေ့မှာ အင်းယားလိပ်ဟိုတယ်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်..။ နန်းမြတ်ဟာ သူ့ရဲ့ ချစ်စရာ ဟန်ပန်တွေနဲ့ ကပရိသတ် အားပေးမှု အခိုင်အမာရရှိထားပြီး လတ်တလောမှာတော့ “ပင်လယ်လုပွဲ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေတယ်လို့ သိရပါတယ်..။ အခမ်းအနားပွဲများ တတ်ရောက်ခြင်းနှင့် ကြော်ငြာများလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။