ပရိသတ်ချစ်တဲ့မင်းသားချောလေးဇေရဲထက်တစ်ယောက်အခုရက်ပိုင်းထဲကျန်းမာရေးချူချာနေတယ်လို့သိရပါတယ်။သွေးအားနည်းပြီးဖျားနေကျနေတယ်လို့သိရပါတယ်။အပေါ်သွေး၈၀နဲ့အဖျား၉၉ရှိတာတောင်ပရိသတ်အတွက်အနုပညာအလုပ်တွေဆက်လက်လုပ်နေတာကြောင့်ဇေရဲထက်ရဲ့ခံနိုင်ရည်ကိုဆရာဝန်တောင်လက်ဖျားခါတယ်လို့ဆိုပါတယ်။ပရိသတ်အတွက်ကိုယ်လက်ခံထားတဲ့အလုပ်တွေကို ပစ်မလဲမချင်းတောင်းခံထားပြီးအကောင်းဆုံးလုပ်ကိုင်နေပါတယ်လို့ဆိုပါတယ်။

ကျွန်တော်ကနဲနဲခေါင်းမာတဲ့အထဲမှာပါတဲ့သူတစ်ယောက်ဖြစ်တယ်လို့ပြောပါတယ်။အခုချိန်မှာသူလဲလိုက်ရင်အတူတူအလုပ်တွဲလုပ်နေတဲ့သူတွေအားလုံးကမောက်ကမဖြစ်ကုန်လိမ့်မယ်ဆိုတဲ့စိတ်နဲ့လုပ်နေမိတာပါလို့ပြောပါတယ်။ဇေရဲထက်ဟာပရိသတ်အတွက်အနုပညာအလုပ်တွေလုပ်နေရမှပျော်တဲ့သူတစ်ယောက်ဖြစ်တယ်လို့ဆိုပါတယ်။ငယ်ငယ်ထဲကအလုပ်မရှိရင်မနေတက်တဲ့သူတစ်ယောက်ဖြစ်ပြီးအိမ်မှာနေရတာလဲပျင်းတယ်လို့ရိုးသားပွင့်လင်းစွာပြောပြပါတယ်။အဲ့ဒါကြောင့်လဲနေမကောင်းတဲ့ကြားကနေခေါင်းမာပြီးပရိသတ်တွေအနုပညာအလုပ်တွေလုပ်ကိုင်နေတာဖြစ်တယ်လို့ဆိုပါတယ်။

လက်ရှိမှာတော့နေမကောင်းပေမယ့်လဲပရိသတ်တွေအတွက်အနုပညာအလုပ်တွေဆက်လက်လုပ်ကိုင်နေပါတယ်လို့ဆိုပါတယ်။ဆရာဝန်ပေးတဲ့ဆေးတွေလဲသောက်နေပြီးအလုပ်ကိုနားနားနေနေလုပ်ဖို့အရမ်းလောဘမကြီးဖို့လဲမှာပေမယ့်လဲပရိသတ်တွေအတွက်ကြိုးစားလုပ်ကိုင်သွားမှာပါလို့ဆိုပါတယ်။သူရဲ့လူမှုကွန်ယက်မှာလဲစိတ်ပူပေးတဲ့အနုပညာညီကိုမောင်နှများနဲ့သူငယ်ချင်းချစ်ပရိသတ်တွေအားလုံးကျေးဇူးတင်ပါတယ်လို့မျှဝေထားတာပဲဖြစ်ပါတယ်။ဒီရက်ပိုင်းကျန်းမာရေးချူချာနေတဲ့ဇေရဲထက်ကိုမြန်မြန်နေကောင်းပါစေလို့ ချစ်ပရိသတ်တွေဆုတောင်းပေးလိုက်ကြပါအုန်းနော်။

သတင်းအရင်းအမြစ် - ဇေရဲထက်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။