*ကိုယ့် အိမ် မှာရှိတဲ့ တချို့ မီးဖိုချောင် ပစ္စညး် တွေက ဟင်းချက် ရာမှာပဲ အသုံးတည့်တာ မဟုတ်ပါဘူး ။ ကိုယ့်ရဲ့ ကျန်းမာရေး နှင့် အခြားသော နေရာတွေမှာလည်း တကယ်အသုံးဝင်တာကို မြင်တွေ့ရပါတယ် ။ ဆား များများစားတာကတော့ ကျန်းမာရေး အတွက် မကောင်းပါဘူး ။ သို့သော်လည်း ဆားဟာ သင့်ရဲ့ အိမ် မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ တချို့သော ပြဿနာ ရပ်တွေကိုတော့ ကောင်းကောင်းကြီး ဖြေရှင်းပေးနိုင််ပါတယ် ။
၁။ ဘေစင် ရှိ ရေစစ် ကိုသန့်ရှင်းနိုင်ခြင်း
ဘေစင် မှာ အညစ်အကြေး တွေစို့ပြီး ရေကောင်းကောငး်မဆင်းတာကို အိမ်တိုင်းနီးပါး ဖြစ်ဖူးကြမှာပါ ။ ဒီလိုအခြေအနေမျိုးမှာ ဆားက အသုံးဝင်ပါတယ် ။ ဆားလက်တစ်ဆုပ်စာခန့်ကို ရေစစ်ပေါက်တွေထဲ ဝင်အောင် ထည့်ပေးလိုက်ပါ ။ ခဏနေရင် ရေလောင်းချလိုက်ပါ ။ အညစ်အကြေးများ သန့်စင်သွားပါလိမ့်မယ် ။
၂။တောက်ပြောင်စေခြင်း
အိမ် မှာရှိတဲ့ ဖန်ခွက် တွေ ဖန်ထည်တွေကို ဆားနဲ့ တိုက်ချွတ်လို့ ရပါတယ် ။ ပထမဦးစွာ ပုံမှန်အတိုင်း ဖန်ခွက် ကို ဆေးကြောပါ ။ ပြီးနောက် ဆားအနည်းငယ်ယူပြီး ပွတ်ပါ ။ ပြီးသွားလျှင် အဝတ်ခြောက်ဖြင့် ပွတ်တိုက်ပေးလိုက်ပါ ။တောက်ပြောင်သွားတာကို မြင်ပါလိမ့်မယ် ။ ဒီ နည်းလမ်း ကို ဖန်ထည်တွေသာမက ငွေထည် ၊ ကြေးထည် တွေမှာလည်း အသုံးပြုလို့ရပါတယ်။
၃။ပုရွက်ဆိတ် ရန်မှကင်းစေခြင်း
ပုရွက်ဆိတ် တွေဟာ ဆား ကို အရမ်းမုန်းပါတယ် ။ ပုရွက်ဆိတ် ရန်မှကင်းဝေးဖို့ ဆား ကို ရေနွေး ဆူဆူထဲထည့်ပြုတ်ပြီး အအေးခံ ကာ spray ဘူးထဲသို့ထည့်ပါ ။ ပြီးလျှင် ပုရွတ်ဆိတ် တွေ ရှိတတ်တဲ့ နေရာအနှံ့ကို ဖြန်းလိုက်ပါ ။ ဒီ နည်းလမ်း ဟာ ပုရွက်ဆိတ် တွေကို သေစေတာမဟုတ်တဲ့အတွက် ငရဲလည်း မကြီးပါဘူးနေ်ာ ။ ပုရွက်ဆိတ် တွေ လာနိုင်တဲ့နေရာမှာ ဆားဖြူးထားလည်း ပုရွက်ဆိတ်တွေ မလာနိုင်တော့ပါဘူး ။
၄။သွားနေခြင်း ကိုသက်သာစေခြင်း
သွားနာ ၊ သွားကိုက် တဲ့အခါ ရေတစ်ခွက်ထဲသို့ ဆားလက်ဖက်ရည် ၁ဇွန်းခန့်ထည့်ပြီး မွှေလိုက်ပါ ။ ပြီးနောက် ထို ဆားရည် ဖြင့် ကောင်းစွာ ပလုတ်ကျင်းလိုက်ပါ ။ ဒါဆိုရင်တော့ သွားနာ၊သွားကိုက်တာကို သက်သာသွားစေမှာ ဖြစ်ပါတယ် ။
၅။သရဲ ၊ တစေ ္ဆများမဝင်ရောက်နိုင်ခြင်း ၊ မောင်းထုတ်နိုင်ခြင်း
ဒါလေးကတော့ နည်းနည်းရီစရာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ။ ဒါပေမယ့် အမှန်တကယ်ပဲ သန့်စင်တဲ့ဆားဟာ အိမ်တွေ ၊ ကျောင်း တွေ မှာ ရှိတတ်တဲ့ ဝိဉာဉ်တစေ ္ဆတွေကို မဝင်ရောက်နိုင်အောင် မောင််းထုတ်နိုင်တယ်လို့ ဆိုပါတယ် ။ Super Natural ဇာတ်လမ်းတွဲ ကို ကြည့်ဖူးတဲ့သူတွေဆိုရင်တော့ သိလောက်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာဆိုလျှင် သရဲ တွေ မဝင််ရောက်နိုင်အောင် အိမ်ပတ်ပတ်လည်ကို ဆားဖြင့်စည်းတားတာ ၊ ဆား ထည့်ထားတဲ့ သေနတ်နဲ့ပစ်လျှင် သရဲတွေ ပျောက်ကွယ်သွားတာမျိုးတွေကို မြင်ရမှာပါ ။ Dr.Wu Di ကလည်း ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ဗီဒီယို တစ်ခုမှာ ရှင်းပြသွားတာကိုလည်း မြင်တွေ့ခဲ့ဖူးပါတယ် ။ နောက်ပြီး ကိုရီးယား ဇာတ်လမ်းတွဲ တွေမှာလည်း သူတို့ရဲ့အယူအဆအရ မကောင်းဆိုးဝါးတွေ မလာနိုင်အောင် ဆားဖြင့်ပက်တာ ၊ လာခဲ့လျှင်လည်း ဆားဖြင့်ပက်ပြီး မောင်းထုတ်တာမျိုးတွေ ကြည့်ခဲ့ဖူးပါတယ် ။
*ကဲ ဆား ရဲ့ အသုံးဝင်ပုံတွေကို မှတ်ထားပြီး ကိုယ့် အိမ် မှာ ပြန်လုပ်လို့ရတယ်နေ်ာ.. ကိုယ်ကတော့ နောက်ဆုံးအချက်ကို အကြိုက်ဆုံးပဲ..
မေတ္တာဖြင့်…
source - ကျန်းမာရေးဗဟုသုတများနှင့်ဆေးမှီးတိုများအကြောင်း
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။