မက္ကဆီကိုဂရင်းပရီမှာအနိုင်ရပြီးကမ္ဘာ့ချန်ပီယံရခဲ့တဲ့ဟာမီတန်

မက္ကဆီကိုဂရင်းပရီမှာအနိုင်ဗိုလ်စွဲခဲ့တဲ့ဗြိတန်ကားမောင်း

သမားဟာမီတန်ဟာ2017ခုနှစ်ရဲ့F1ကမ္ဘာ့ချန်ပီယံဖြစ်လာခဲ့

ပါပြီ။ဒီချန်ပီယံဆုဟာသူ့အတွက်လေးကြိမ်မြောက်

ကမ္ဘာ့ချန်ပီယံဆုဖြစ်ပါတယ်။ဟာမီတန်ဟာဒီနှစ်မှာ

အနီးကပ်ဆုံးကပ်လိုက်နေတဲ့ဗက်တဲကိုမက္ကဆီကိုမှာ

အပြတ်ဖြတ်ပြီးအနိုင်ရဗိုလ်စွဲခဲ့တာပါ။ကမ္ဘာ့ချန်ပီယံ

လေးကြိမ်ဖြစ်သွားတဲ့အတွက်မားစီးဒီးအသင်းသား

ဟာမီတန်ဟာအင်္ဂလန်နိုင်ငံရဲ့အအောင်မြင်ဆုံး

F1ကစားသမားဖြစ်လာခဲ့ပါပြီ။

ဟာမီတန်စံချိန်မချိုးခင်အထိအင်္ဂလန်မှာဆာဂျက်ဂီစတီးဝက်

ကကမ္ဘာ့ချန်ပီယံသုံကြိမ်ယူပြီးအအောင်မြင်ဆုံးကစားသမား

သမားအဖြစ်စံချိန်တင်ထားခဲ့တာပါ။အဆိုပါစံချိန်ဟာ44နှစ်ကြာတည်တံ့ခဲ့ပြီးမနေ့ကဟာမီတန်

ကရိုက်ချိုးပြလိုက်ပါတယ်။စံချိန်ချိုးခံရတဲ့ဂျက်ကီကတော့

ဟာမီတန်ကိုချီးကျူးမှုတွေပြုလုပ်ခဲ့ပါတယ်။ဟာမီတန်

အနေနဲ့ဒီနေရာကိုထိုက်တန်စွာရရှိခဲ့တာပါလို့သူကပြော

ပါတယ်။

ဟာမီတန်ဟာမာစီးဒီးအသင်းကိုပြောင်းရွှေ့ဖို့မက္ကလာရင်

အသင်းကနေထွက်ခွာခဲ့ရာမှာဝေဖန်မှုတွေကြီးစွာကြုံတွေ့ခဲ့

ရပါတယ်။ဒါပေမယ့်ဒီဝေဖန်မှုတွေကိုကမ္ဘာ့ချန်ပီယံဆုတွေ

နဲ့အသံတိတ်စေခဲ့ပါတယ်။ဗြိတိန်အအောင်မြင်ဆုံးဖြစ်လာပြီး

နောက်မှာဟာမီတန်ထပ်ချိုးဖို့ရှိတဲ့စံချိန်တွေကမန်နူရယ်

ဖမ်ဂျီယိုကကမ္ဘာ့ချန်ပီယံငါးကြိမ်နဲ့F1သမိုင်းတလျှောက်

အအောင်မြင်ဆုံးကစားသမား

မိုက်ကယ်ချူမက်ချာကခုနှစ်ကြိမ်ပါ။ဟာမီတန်

စံချိန်တွေထပ်ချိုးနိုင်ပါ့မလား။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။