NO အဖွဲ့လေးကို သတိရနေတဲ့ပရိသတ်တွေရှိလား။

သူတို့အဖွဲ့လေးထဲက အဆိုတော် ရတနာကတော့ ပုဂံဘုရားဖူးခရီးထွက်နေပြီး သူမရဲ့ အလှပုံရိပ်တွေကို မျှဝေထားပါတယ်။

NO အဖွဲ့ဟာ ချစ်စရာကောင်းတဲ့ လူငယ်ကောင်မလေး(၃)ယောက်နဲ့ဖွဲ့ထားတဲ့မိန်းကလေးအဆိုတော်အဖွဲ့ဖြစ်ပြီး တစ်ချိန်က လူငယ်ပရိသတ်တွေကြားမှာ အတော်လေး ခေတ်စားခဲ့ပါတယ်။

သီချင်းလေးတွေဟာ မိန်းကလေးပရိသတ်တွေအတွက်တော့ ဒီနေ့အထိ ရင်ထဲစွဲကျန်နေတုန်းဖြစ်မှာပါ။

သူတို့အဖွဲလေးကွဲသွားခဲ့ပြီး ဂီတလောကထဲ မတွေ့တော့တာကာလအတန်ကြာပြီဖြစ်ပေမယ့် သူတို့ရဲ့ပြင်ပဘဝလှုပ်ရှားမှုပုံရိပ်တွေကိုတော့ လူမှုကွန်ရက်မှာ အမြဲလိုုလိုတွေ့ရပါတယ်။

အနုပညာရှင်တွေရဲ့ Lifestyle လေးတွေကို ဆိုရှယ်မီဒီယာတွေခေတ်စားလာတာနဲ့အမျှ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးထိတွေ့လာပြီဖြစ်ပါတယ်။

ပြင်ပဘဝမှာပဲ ပျော်မွေ့နေကြတဲ့ NO အဖွဲ့လေး သီချင်းတွေပြန်ဆိုမယ်ဆိုရင် ၀မ်းသာအားပေးမယ့်သူတွေရှိသေးလား။

ရတနာကတော့ ပုဂံကို အလည်အပတ်ရောက်တုန်း လက်မှာ အလှဆေးရေးခြယ်ထားတဲ့ ပုံလေးတွေကို သူမရဲ့ဖေ့ဘုတ်အကောင့်မှာ တင်ထားတာကိုတွေ့ရပါတယ်။ 

Source : Yadanar linn fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။