Arrow and Teen Wolf ဇာတ်လမ်းတွဲမှသရုပ်ဆောင် ကိုလ်တန်ဟင်းစ် သည် လက်မှုအနုပညာရှင် ဂျက်ဖ်လီသန်နှင့်ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာလက်ထပ်ခဲ့ပါတယ်။

အသက်နှစ်ဆယ့်ကိုးနှစ်အရွယ် ဟင်းစ် နဲ ့အသက်၄၆နှစ်ရှိပြီဖြစ်သော လီသန်တို ့ဟာ အဖြူရောင်တက်ဆူဒိုဝတ်စုံနှင့်အတူအနက်ရောင်နက်တိုင်ကို တူညီစွာဝတ်ဆင်လျက် ဖိတ်ကြားထားသောဧည့်သည်တော် ၁၂၀အား Plam Springs Hotel တွင် ညပွဲအဖြစ်ကျင်းပခဲ့တာဖြစ်ပါတယ်။ 

သူတို ့နှစ်ယောက်ရဲ ့ဆက်ဆံရေးဟာအဆင်ပြေချောမွေ ့သလို သူတို့နှစ်ယောက်နဲ ့ဆက်စပ်နေတဲ့မိတ်ဆွေသူငယ်ချင်း မိသားစုဆွေမျိုး ဆက်ဆံရေးတွေဟာလည်းကောင်းမွန်လှပါတယ်။ဒါ့အပြင် ဟင်းစ်က ထပ်လောင်းပြောခဲ့တာက တစ်စုံတစ်ဦးကိုတကယ်ချစ်မိပြီဆိုရင် အဲ့တာက ဘဝတစ်ခုလုံးကိုတောင်လုံးဝပြောင်းလဲသွားစေနိုင်ပါတယ် တဲ ့။

ဟင်းစ်ဟာဆိုရင် လိင်တူချစ်သူပါလို ့၂၀၁၆ကတည်းကြေညာထားခဲ့တာလည်းဖြစ်ပါတယ်။သူဟာ လီသန်နဲ ့ပထမဆုံးတွေ ့ဆုံခဲ ့တာကတော့ ၂၀၁၇ ချစ်သူများနေ့မှာဘဲဖြစ်ပါတယ်။ တစ်လကြာပြီးနောက်မှာတော့လီသန်ဟာ ဟင်းစ်ကိုချစ်ခွင့်ပန်ခဲ့တာလည်းဖြစ်ပါတယ်။

Source -People

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။