ဘိုင်ယန်မြုးနစ်အသင်းဟာ ရာသီအစက ရှုံးပွဲတွေ့ကြုံခဲ့ရပြီးရလဒ်တွေမကောင်းခဲ့တာကြောင့် နည်းပြ အန်ဆယ်လော့တီကို ထုတ်ပယ်ခဲ့တာလည်းဖြစ်ပါတယ်။အန်ဆယ်လော့တီ ကိုထုတ်ပယ်ပြီးနောက် နည်းပြဟောင်း ဂျက်ဟေးနက် ဘိုင်ယန်မြုးနစ်အသင်းရဲ့ နည်းပြအဖြစ်ပြန်လည်ခန့်အပ်ခဲ့ပါတယ်။ဂျက်ဟေးနက်ရဲ့ လက်ထက်မှာတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ ရှုံးပွဲမရှိသေးပဲရလဒ်ကောင်းတွေပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ 

ဂျက်ဟေးနက်မကိုင်တွယ်သေးခင်းက ဒေါ့မွန်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းကို ၅ မှတ်ဖြတ်ထားပြီး ဇယားထိပ်ဆုံးမှာ ဦးဆောင်နေတာလည်းဖြစ်ပါတယ်။ဒေါ့မွန်အသင်းရဲ့ ဘွန်ဒက်လီဂါပွဲစဉ် နောက်ဆုံး သုံးပွဲရလဒ်မှာတော့ လိုက်ဇစ် အသင်းကို ရှုံးနိမ့်ခဲ့ပြီး ဖရန့်ဖတ်အသင်းကို သရေကြကာ ဟန်နိုဗာအသင်းကို ထပ်မံရှုံးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့ကြောင့် ဘိုင်ယန်မြူးနစ် အသင်းဟာ နောက်ဆုံးသုံးပွဲလုံးမှာ အနိုင်ရယူခဲ့ပြီး အဆင့် ၁ နေရာကို တတ်လှမ်းနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းဟာ လက်ရှိအမှတ်ပေးဇယားမှာ ဒေါ့မွန်အသင်းကို သုံးမှတ်ဖြတ်ထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ဂျက်ဟေးနက်နဲ့ ပြန်လည်လက်တွဲခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းကတော့ အကောင်းဆုံးရလဒ်တွေကို ပုံဖော်နေခဲ့တာလည်းဖြစ်ပါတယ် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။