ခမာတွေရဲ့ခြေရာတိုင်းခံနေရတဲ့မြန်မာ

မြန်မာယူ-19အသင်းကမ္ဘောဒီးယားကိုရှုံးခဲ့ပါတယ်။

အဲ့ဒီအရှံုးဟာရပ်တန့်မသွားပါဘူး။အကျိုးဆက်က

မြန်မာ့ဘောလုံးအပေါ်သက်ရောက်နေဆဲပါ။

မြန်မာလက်ရွေးစင်အသင်းကြီးနဲ့ကမ္ဘောဒီးယား

လက်ရွေးစင်အသင်းတို့ဟာဖနွမ်းပင်မှာပဲလာမယ့်

9ရက်နေ့မှာခြေစမ်းကစားကြမှာပါ။ကမ္ဘောဒီးယား

ပရိသတ်တွေကတော့မြန်မာကိုအသာအယာအနိုင်ယူ

နိုင်မယ်လို့ထင်နေကြပါတယ်။

မြန်မာအသင်းအနေနဲ့အဆိုပါပွဲကိုအနိုင်ကစားနိုင်မှသာ

ယူ-19ကြောင့်ကျဆင်းခဲ့ရတဲ့ဂုဏ်သိက္ခာကိုပြန်ဆယ်နိုင်မှာပါ။

ကမ္ဘောဒီးယားပရိသတ်တွေဟာမြန်မာနဲ့ခြေစမ်းပွဲကို

အင်ပြည့်အားပြည့်လာအားပေးဖို့အခုကတည်းကပြင်ဆင်

နေကြပါပြီ။ကမ္ဘောဒီးယားပရိသတ်တွေမှာအကျင့်တစ်ခု

ရှိတာကအာဆီယံအသင်းတွေနဲ့ဖနွမ်းပင်မှာကစားရင်

အင်ပြည့်အားပြည့်လာကြည့်တတ်ကြပြီးအာဆီယံ

မဟုတ်တဲ့တစ်ခြားအာရှအသင်းတွေနဲ့ကစားရင်တော့စိတ်ဝင်

စားမှုနည်းပါးတတ်ပါတယ်။သူတို့အနေနဲ့အာဆီယံနိုင်ငံ

တွေကိုပိုနိုင်ချင်ကြပါတယ်။

မြန်မာဟာကမ္ဘောဒီးယားကိုပြီးခဲ့တဲ့ဆူဇူကီးဖလားမှာ

အနိုင်ရခဲ့ပြီးပါပြီ။ဒါပေမယ့်ဒီတစ်ကြိမ်မှာရော။

မြန်မာနိုင်ပါ့မလား။မြန်မာဟာဒီပွဲပြီးရင်

ကာဂျစ်နဲ့အာရှဖလားခြေစစ်ပွဲကစား

ရမှာဖြစ်ပြီးကမ္ဘောဒီးယားကလည်းဂျော်ဒန်နဲ့ကစားရမှာပါ။

မြန်မာအသင်းနဲ့ရင်ဆိုင်ရာမှာကမ္ဘောဒီးယားဟာ

နည်းပြအသစ်နဲ့ရင်ဆိုင်လာမှာဖြစ်ပြီးအသင်းနည်းပြ

ဗစ်တာရီနိုကလွန်ခဲ့တဲ့အပတ်ကထတြ်ပယ်ခံထားရပါတယ်။

ဂျုနီယာတွေရဲ့အရှုံးကြောင့်ခြေစမ်းပွဲတစ်ခုထက်ပိုနေတဲ့

ကမ္ဘောဒီးယားနဲ့ပွဲမှာအောင်သူတို့အနိုင်ယူပြီးသိက္ခာဆယ်ပေး

နိုင်မလား..

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။