အဆိုတော် ဖြိုးလေးနဲ့ သရုပ်ဆောင် ဝါဆိုမိုးဦးတို့ နှစ်ယောက်ဟာ မနေ့ညက Halloween Night Party မှာ ခပ်မိုက်မိုက် costume တွေ ခပ်မိုက်မိုက် မိတ်ကပ်တွေနဲ့ လန်းခဲ့ကြပါတယ်။ ဖြိုးလေးကတော့ Star War ရုပ်ရှင်ဇာတ်ကားမှ Darth Vader ဝတ်ဆင်သော ဝတ်စုံ ဝတ်ဆင်ထားပြီး ဝါဆို ကတော့ တွမ်ခရုစ် ပါဝင်သရုပ်ဆောင်ထားတဲ့ The Mummy ရုပ်ရှင် ဇာတ်ကားမှ မာမီ ပုံစံ ဝတ်ဆင်ထားတာ ဆိုရင် အလန်းဇယား ဖြစ်နေပါတယ်။ 

ဝါဆိုရဲ့ make up ကို Jhonny june ကလိမ်းချယ်ပေးထားတာ ဖြစ်ပြီး သူမ မိတ်ကပ် လိမ်းချယ်နေပုံ ကို လူမှု ကွန်ရက်မှာ Live လွှင့်ခဲ့ပါတယ်။ ထို့အပြင် ပျော်ရွင်စရာ Halloween Party 2017 လို့ရေးသားခဲ့ပါသေးတယ်။ ဖြိုးလေးကတော့ သရဲများနဲ့ ကခုန်ခြင်း ဆိုပြီး ရေးသားထားပါတယ်။ ၎င်းတို့နှစ်ယောက်အပြင် ယုန်လေး၊ နိုင်းဝမ်း နဲ့ အခြားသော အနုပညာရှင် အချို့လည်း ပွဲကို ပါဝင်ဆင်နွဲ ခဲ့ကြပါတယ်။

နှစ်ယောက်လုံးရဲ့ အရမ်းလန်းနေတဲ့ ဒီဇိုင်းတွေကို တစုတစည်းထဲ ဖော်ပြ ပေးလိုက်တယ်နော်။ ကြောက်ဖို့ ကောင်းအောင် ပြင်ဆင်ထားပေမဲ့ လိုက်ဖက်လွန်းတာကြောင့် အများရဲ့ အားပေးမှု တွေ ရရှိနေတာ မဆန်းပါဘူး။ သူတို့ရဲ့ pose လေးတွေ ပရိတ်သတ် တွေ ကြည့်လို့ရအောင် မျှဝေပေးလိုက်ပါတယ်။

Source – ဝါဆိုမိုးဦး၊ ဖြိုးလေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။