ပေါနိုင်ငံအဝေးပြေးလမ်းမပေါ်မှလမ်းချော်ပြီးမြစ်အတွင်းသို ့ဘတ်စ်ကားတစ်စင်းလမ်းချော်ထိုးဆင်းသွားသည့်ဖြစ်ရပ်တစ်ခုဟာပြီးခဲ့တဲ့စနေနေ ့မှာဖြစ်ပွားခဲ့ပါတယ်။ဘတ်စ်ကားပေါ်တွင်လိုက်ပါစီးနှင်းသူခရီးသည်များထဲမှအနည်းဆုံးလူ၃၁ဦင်္းခန် ့သေဆုံးခဲ့ပါတယ်။

အဆိုပါဘတ်စ်ကားသည်ကက်မန်ဒူမြိုတော်တွင်ကျင်းပသောဟိန္ဒူလူမျိုးတွေ၏ဘာသာရေးပွဲတော်မှ ပြန်လာသော ကားဖြစ်ပြီး

ပရစ်သဗီအဝေးပြေးလမ်းမကြီးအနီးနားတစ်ဝိုက်မှာဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။မြစ်အတွင်းပျောက်ဆုံးနေသောလူများအားခက်ခဲစွာရှာဖွေနေရပြီးလတ်တလောတွင်၃၁ဦးကိုသာရှာဖွေတွေရှိထားတာဖြစ်ပါတယ်။ထို့ပြင်ရေထဲမှာကားကို်ကရိန်းတွေကိုလည်းနဲ ့ဆယ်ယူရန်ကြိုးစားနေကြပါတယ်။

ရေထဲတွင်နှစ်မြုပ်နေသောအခြားကျန်ရှိသည့်လူသေများမှာဆယ်ယူဖို့ခက်နေသလိုရှာလို ့လည်းမတွေ ့ကြောင်းဖြေကြားထားပါတယ်။ထိခိုက်ဖြစ်ပွားမှုအတွက်လူစာရင်းအတိအကျကိုသေချာပြောနိုင်ခြင်းမရှိသေးသော်လည်းလတ်တလောတွင် ထိခိုက်ဒဏ်ရာရသူ ၁၆ယောက်နှင့် စိုးရိမ်အခြေအနေလူနာနှစ်ယောက်ရှိနေပါတယ်။ကူညီကယ်တင်သူသူတွေကကားပြတင်းမှန် မှတစ်ဆင့် ကယ်တင်နေပါသော်လည်း နောက်ထပ် ၁၃ယောက်ဟာ ကားအတွင်းမှာပိတ်မိနေဆဲပါ။

နီပေါနိုင်ငံ အဝေးပြေးလမ်းမပေါ်မှာဖြစ်ပွားသောယာဉ်မတော်တဆမှုများကြောင့် နှစ်ဏဉ်လူပေါင်း ၁၈၀၀ခန် ့သေဆုံးရပါတယ်။

ယာဉ်မတော်တဆမှုအတော်များများမှာတော့ယာဉ်၏ချိုယွင်းမှုများနှင့် ယာဉ်အများအပြားယှဉ်ပြိုင်မောင်းနှင်မှုတို့ကြောင့်လည်းဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။