ပရိသတ်ချစ်မအေးသောင်းကိုမကြာခင်ရုပ်ရှင်ပိတ်ကားပေါ်မှာပြန်လည်မြင်တွေ့ရတော့မှာပဲဖြစ်ပါတယ်။ထူးထူးခြားခြားသရုပ်ဆောင်ချက်တွေနဲ့ပရိသတ်တွေရင်ထဲကိုပြန်လည်ထိုးဖောက်မှာဖြစ်တယ်လို့လဲသိရပါတယ်။မအေးသောင်းဟာရုပ်ရှင်ကားကြီးတွေရိုက်ကူးမှုနဲ့အလှမ်းဝေးနေခဲ့တာဖြစ်ပြီးယခုပထမဆုံးအကြိမ်ပြန်လည်ရိုက်ကူးမယ်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တာကြောင့်အရမ်းကိုစိတ်လှုပ်ရှားနေတယ်လို့ဆိုပါတယ်။ယခုရိုက်ကူးမယ့်ရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင်ခွင့်ရတဲ့အတွက်လဲအရမ်းကိုကျေးဇူးတင်ပါတယ်လို့သူမရဲ့လူမှုကွန်ယက်ကနေမျှဝေထားတာပဲဖြစ်ပါတယ်။ 

မအေးသောင်းရဲ့ပထမဆုံးပြန်လည်ရိုက်ကူးမယ်ရုပ်ရှင်ကားကြီးကတော့မုန်းစွဲလို့အမည်ရတဲ့ရုပ်ရှင်ကားကြီးပဲဖြစ်ပါတယ်။မုန်းစွဲရုပ်ရှင်ကားကြီးကိုအောက်တိုဘာ၃၀ရက်နေ့ဒီနေ့မှာတော့ရွှေတိဂုံစေတီတော်မြတ်ကြီးတွင်ကန်တော့ပွဲပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အရင်နဲ့မတူညီတဲ့သရုပ်ဆောင်ချက်တွေနဲ့ရိုက်ကူးသွားမှာဖြစ်တယ်လို့သိရပါတယ်။ယခုရိုက်ကူးမယ့်ရုပ်ရှင်ကားကြီးထဲမှာမအေးသောင်းဟာဇာတ်ရုပ်၂ခုဘဝ၂ခုအနေနဲ့ထူးထူးခြားခြားသရုပ်ဆောင်သွားမှာဖြစ်တယ်လို့လဲသိရပါတယ်။

မုန်းစွဲရုပ်ရှင်ဇာတ်ကြီးကိုပရိသတ်မအေးသောင်းနဲ့အတူနိုင်ငံကျော်အနုပညာရှင်များဖြစ်ကြတဲ့ နေတိုး,ကျော်ကျော်ဗိုလ်,မင်းသွေး,ဖွေးဖွေးစတဲ့ပြည်သူချစ်အနုပညာရှင်ပေါင်းများစွာပါဝင်ရိုက်ကူးသွားမယ်လို့သိရပါတယ်။မအေးသောင်းရဲ့ပထမဆုံးပြန်လည်ရိုက်ကူးမယ့်ရုပ်ရှင်ကားကြီးမှာဘဝ၂ခုဇာတ်ရုပ်၂ခုနှင့်ပရိသတ်တွေရင်ထဲထိစေမယ့်သရုပ်ဆောင်ချက်တွေကိုလဲစောင့်မျှော့်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ပထမဆုံးပြန်လည်ရိုက်ကူးမယ့်ရုပ်ရှင်ကားကြီးဖြစ်တာကြောင့်ပရိသတ်တွေနဲ့ထပ်တူရင်ခုန်စိတ်လှုပ်ရှားနေပြီးအကောင်းဆုံးကြိုးစားသွားပါမယ်လို့ပြောပါတယ်။ဒီနေ့မှာပြုလုပ်ခဲ့တဲ့မုန်းစွဲရုပ်ရှင်ဇာတ်ကြီးရဲ့ကန်တော့ပွဲအမှတ်တရပုံရိပ်တွေကိုလဲပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - အေးဝတ်ရည်သောင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။